နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲအပြီး ချက်သမ္မတ ဇီမန်း ဆေးရုံတင်ရ

ပရပ်ဂ်  အောက်တိုဘာ  ၁၂


ရွေးကောက်ပွဲအပြီး  ချက်သမ္မတ မီလိုစ့်ဇီမန်ကို ဆေးရုံတင်လိုက်ရခြင်း ကြောင့် အစိုးရသစ်ဖွဲ့စည်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများကို     သမ္မတ ဦးဆောင်ရမည့် အဓိကကာလ၌ မသေချာ မရေရာမှုများ ဖြစ်ပေါ်စေခဲ့သည်။


ဇီမန်သည် ၀န်ကြီးချုပ် အန်ဒရေ ဘာဘစ်ရှ်နှင့်တွေ့ဆုံပြီးနောက် ပရပ်မြို့ အနောက်ပိုင်း လန်လီရှိ သမ္မတအိမ်တော် မှ  လူနာတင်ကားထွက်လာကြောင်း နိုင်ငံတွင်း သတင်းထောက်များကပြော သည်။


ဇီမန်၏ ပြောရေးဆိုခွင့်ရှိသူ   ဂျီရီ အိုဗက်ကရိခ်က သမ္မတကို ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း အတည်ပြုခဲ့ သော်လည်း   ယင်းနှင့်ပတ်သက်ပြီး  အသေးစိတ်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် က ကျင်းပခဲ့သည့်  ချက်လွှတ်တော် ရွေးကောက်ပွဲ မဲရလဒ်အရ အတိုက်အခံ  Together အုပ်စုက ၂၇ ဒသမ  ၇၉ ရာခိုင်နှုန်း ၊ ဝန်ကြီးချုပ်၏ ANO ပါတီက ၂၇ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်သည် ဝန်ကြီးချုပ်၏ မဟာမိတ်    သမ္မတ မီလော့ရှ်ဇီမန်း အတွက် ထိုးနှက်ချက်ဖြစ်လာကာ အနိုင် ရသည့် Together အုပ်စုနှင့်လစ်ဘရယ် Pirates / Mayors ညွန့်ပေါင်းအဖွဲ့မှာ အမတ်နေရာ  ၂၀၀ ရှိ အောက်လွှတ်တော် တွင် ၁၀၈ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့ရန်ရည်ရွယ်ကြောင်း သိရသည်။


ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ