နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ပြောင်းအလုပ်သမား ဝင်ရောက်မှုကို လျှော့ချမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြော

လန်ဒန်၊  အောက်တိုဘာ ၉ 


နိုင်ငံအတွင်း အလုပ်သမားလိုအပ် ချက်ရှိနေသော်လည်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးအပြောင်းအလဲအတွက် လုပ်ခနည်း ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်မှုလျှော့ချရေးစီမံကိန်းကိုမူ ဆက်လက် လုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ပြောကြားလိုက်သည်။


များပြားလာသည့် လုပ်သားများ ၏ အခြားတိုင်းပြည်မှ ဝင်ရောက်ရွှေ့ ပြောင်းနေထိုင်မှုကို အဆုံးသတ်ရန် စီစဉ်ရခြင်းမှာ ရွှေ့ပြောင်းဝင်လာသူများ သည် နိုင်ငံသားများ၏ ဝင်ငွေနှင့်ကုန် ထုတ်စွမ်းအားကို  လျော့ကျစေခြင်း ကြောင့်ဖြစ်ကြောင်း ဂျွန်ဆင်ကပြော ကြားထားသည်။


ပြီးခဲ့တဲ့နှစ် အီးယူအဖွဲ့ဝင်နိုင်ငံ စာရင်းမှနုတ်ထွက်ခဲ့သော ဗြိတိန်တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ် သက်သည့် ဥပဒေများကိုပြင်ဆင်ခဲ့ကာ ထိုပြင်ဆင်မှုကြောင့် အီးယူအဖွဲ့ဝင် နိုင်ငံသားများ  ဗြိတိန်နိုင်ငံအတွင်း အလွယ်တကူ လာရောက်နေထိုင်အလုပ် လုပ်ကိုင်ခွင့်မရှိတော့ကြောင်း    သိရ သည်။


ထို့ပြင် ကပ်ရောဂါကြောင့် ထောင် ပေါင်းများစွာသော နိုင်ငံခြားအလုပ် သမားများသည် ဗြိတိန်ကထွက်ခွာခဲ့ ကြရပြီး လက်ရှိတွင် စီးပွားရေး လုပ်ငန်း များ တစ်ဟုန်ထိုးပြန်လည်စတင်လာ ချိန်တွင်   လုပ်ငန်းရှင်တချို့က ဗီဇာ ကန့်သတ်ချက်တချို့ကို ဖြေလျှော့ရေး တောင်းဆိုသော်လည်း  ဝန်ကြီးချုပ်က သဘောတူခဲ့ခြင်းမရှိကြောင်း   သိရ သည်။              ရဲခေါင်(Ref: Reuters)






အခြားဆက်စပ်သတင်းများ