နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီတွင် လုပ်ခတိုးမြှင့်ပေးရေးအတွက် ဆန္ဒထုတ်ဖော်မည်

ဘာလင်၊  အောက်တိုဘာ ၉ 


ဂျာမနီအလုပ်သမားများသည် လုပ်ခမြှင့်ပေးရန်နှင့် တခြားငွေပေးချေ မှုများအတွက် တစ်နိုင်ငံလုံးဆန္ဒထုတ် ဖော်မည်ဖြစ်ကြောင်း ကြေညာလိုက် သည်။


ဆောက်လုပ်ရေး အလုပ်သမားများ အနေဖြင့် အချိန်ကြာကြာသွားရသည့် အလုပ်နေရာအတွက် လျော်ကြေးပေး ရန် လုပ်ငန်းရှင်များကို တောင်းဆိုခဲ့ကြ ခြင်းဖြစ်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါ က လုပ်ငန်းများနှင့်ပတ်သက်၍ တစ်နိုင်ငံ လုံး ဆန္ဒပြမှုဖြစ်လာနိုင်ကြောင်း IG Bau အလုပ်သမားသမဂ္ဂခေါင်းဆောင်ဖြစ် သည့် ရောဘတ်ရေဂါက ပြောသည်။


ဥရောပနိုင်ငံများ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းများကို ကူညီထောက် ပံ့ပေးနေသည့် ဆောက်လုပ်ရေးလုပ်ငန်း များ၏အလုပ်သမားများသည် ဆောက် လုပ်ရေးလုပ်ငန်းများ တိုးတက်လာ သော်လည်း ယင်းတို့၏ လုပ်ခတိုးတက် လာမှုမရှိကြောင်း သိရသည်။


ထို့ကြောင့်    ဘာလင်မြို့တွင် ရာပေါင်းများစွာသော ဆောက်လုပ်ရေး အလုပ်သမားများသည် ဗုံနှင့်ခရာများ ကိုတီးကာ လမ်းပေါ်ထွက်ဆန္ဒပြလိုမှု များ ရှိနေကြခြင်းဖြစ်သည်။


အလုပ်သမားသမဂ္ဂကမူ အလုပ် သမားပေါင်း ၉ သိန်း၏ လုပ်ခ ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးပေးရန်နှင့် နိုင်ငံ၏ အရှေ့ပိုင်း၊  အနောက်ပိုင်းနှစ်ခုလုံး အတွက်  အခွန်ဆောင်ရာတွင်ညီမျှ မှုရှိရန် တောင်းဆိုထားကြသည်။

ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ