နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Squid Game ရုပ်ရှင်ကြောင့် တောင်ကိုရီးယားတွင် စီးပွားရေးကောင်းကျိုးဖြစ်နေ

ဆိုးလ်၊  အောက်တိုဘာ ၉ 


တောင်ကိုရီးယားနိုင်ငံသည် ဖျော်ဖြေရေးလုပ်ငန်းများ ကျော်ကြား လေ့ရှိသည့်အလျောက် ယခုတလော Netflix တွင် ပေါက်သွားသည့် Squid Game ရုပ်ရှင်သည် နိုင်ငံ၏ယဉ်ကျေး မှုကို အဆင့် (၁) သို့ မြှင့်တင်လိုက်ပြီး စီးပွားရေးအတွက်လည်း အလားအလာ ကောင်းများ ဖြစ်ပေါ်နေသည်။


ကိုရီးယားပေါ့ဂီတအကများနှင့် ရုပ်သံဇာတ်လမ်းတွဲများသည် ပြည်ပ နိုင်ငံများတွင် ပေါက်နေသည်မှာ နှစ် ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း BTS ကဲ့သို့သော အမျိုးသားဂီတအဖွဲ့ အနည်းငယ်သာ   အာရှပြင်ပတွင် ကျော်ကြားရာ ယခု Squid Game သည် Netflix  မှ တစ်ဆင့်  ကမ္ဘာတွင် လူကြည့်အများဆုံး   ဖြစ်လာသည့် အတွက် ထိုအချက်ကိုပြောင်းလဲပစ် တော့မည်ဖြစ်သည်။


၂၀၂၀ ပြည့်နှစ်က အော်စကာဆု ရသော ကပ်ပါးဇာတ်ကား၏ အောင်မြင် မှုအပေါ်အခြေခံပြီး ယခု Netflix တွင် တင်သော ရုပ်ရှင်သစ်သည် ကစားပွဲတွင် အသေအကြေရုန်းကန်နေရသည့် ကစားသူများအကြောင်းဖြစ်ပြီး တစ် ကမ္ဘာလုံးမှ စိတ်ဝင်စားမှုကိုခံရကာ  ကိုရီးယားယဉ်ကျေးမှု သြဇာကိုမြင့်မား စေလျက်ရှိသည်။


ထို့ပြင် ဇာတ်ကားအတွင်းရှိ အဆောင် အယောင်များက နိုင်ငံ၏ယဉ်ကျေး မှုပို့ကုန်ကိုလည်း အထောက်အကူပြု ကာ စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုလျက်ရှိသည်။


ပြီးခဲ့သည့်နှစ်အတွင်း  Netflix လုပ်ငန်းတစ်ခုတည်းက ကိုရီးယား စီးပွားရေးလုပ်ငန်းစုများသို့ ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ပံ့ပိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး တောင်ကိုရီးယားဖျော် ဖြေရေးလုပ်ငန်းသည် နိုင်ငံတွင်းဝင်ငွေ ကို ဆက်လက်တိုးပွားလာမည်ဟု သုံး သပ်ထားသည်။

မျိုးဝင်း (Ref:EuroNews)






အခြားဆက်စပ်သတင်းများ