နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ အတွက် နိုင်ငံတကာ စာပေနိုဘယ်လ်ဆု တန်ဇန်းနီးယား စာရေးဆရာ ရရှိ

လန်ဒန်၊  အောက်တိုဘာ ၉


၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာ စာပေနိုဘယ်လ်ဆုကို တန်ဇန်းနီးယား နိုင်ငံမှ ယူကေနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင် သည့် စာရေးဆရာကြီး Abdulrazak Gurnah က ရရှိသွားကြောင်း သိရသည်။


ယင်းသည် အငြိမ်းစားမယူမီအထိ University of Kent တွင် စာပေ ပါမောက္ခအဖြစ်လုပ်ခဲ့ပြီး အင်္ဂလိပ်နှင့် ကိုလိုနီခေတ်လွန် စာပေဆိုင်ရာဘာသာ ရပ်ကို သင်ပြကြောင်း၊   ယင်းသည် အာဖရိကနှင့်  ဥရောပတိုက်များ၏ ယဉ်ကျေးမှုအမျိုးမျိုးကြားတွင် ဘဝကို ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့ရသည့် စာရေးဆရာကြီးဖြစ်ကြောင်း သိရ သည်။


တန်ဇန်းနီးယားနိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာထဲရှိ ဇန်ဇီဘာကျွန်း တွင် မွေးဖွား ခဲ့ကာ ၁၉၆၃ ခုနှစ်တွင်ဗြိတိသျှကိုလိုနီ လက်အောက်မှ  လွတ်မြောက်လာခဲ့ သော်လည်း တော်လှန်ရေးတစ်ခုနှင့်ကြုံ ခဲ့ကာ မျိုးနွယ်စုအလိုက် အဖိနှိပ်ခံခဲ့ရပြီး အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် အတွက် တိုင်းပြည်ကထွက်ပြေးခဲ့ကြ ရာမှ တစ်ဆင့် ယူကေကိုရောက်သွား ခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် ယင်း၏ စာအုပ်များတွင် ပါဝင်သော  ဇာတ်ကောင်စရိုက်များ မှာ  ဘဝဟောင်းနှင့် ဘဝဟောင်းမှ တစ်ဖန်ပြန်  မွေးဖွားလာရသောဘဝ အသစ်များအကြောင်း၊ ယဉ်ကျေးမှု အကြောင်းများကို ကရုဏာစာနာ စိတ်ကြီးမားစွာ  ရေးဖွဲ့ထားသည်ကို အများဆုံးတွေ့ရကြောင်း ဆုရွေးချယ် ရေးကော်မတီက သုံးသပ်ထားသည်။

ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ