နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် သမိုင်းဝင် ဘုရားကျောင်းအဆောက်အအုံများ ရေနစ်မြုပ်

အယုဒ္ဓယ၊  အောက်တိုဘာ ၉


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် အနှံ့ရေကြီးမှုဖြစ်ပွားခဲ့ပြီး   သမိုင်းဝင် အယုဒ္ဓယမြို့တော်တွင်လည်း ဘုရားကျောင်း  အဆောက်အအုံများ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည်။


အယုဒ္ဓယမြို့တွင်းရှိ ဘုရားကျောင်းအဆောက်အအုံ ၄၀၊ ဗုဒ္ဓဘာသာဘုရား ကျောင်းများနဲ့ အထိမ်းအမှတ်ကျောက်တိုင်များလည်း ရေနစ်မြုပ်မှုခံခဲ့ရကာ လူတစ်ရပ်စာနီးပါး  ရေလွှမ်းမိုးနေခြင်းကြောင့်  လှေများဖြင့်သာ အသွားအလာ ပြုလုပ်နေရကြောင်း သိရသည်။


 ရေကြီးမှုမှာ ၁၀ နှစ်တာအတွင်း အဆိုးရွားဆုံးဖြစ်ပြီး ရေလွှမ်းမိုးမှုကြောင့် လူဦးရေ သုံးသိန်းကျော်နဲ့အိုးအိမ်များကို ထိခိုက်ခဲ့ရပြီး ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။


လက်ရှိတွင် အယုဒ္ဓယမြို့အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၆ ခုအထိ ရေနစ်မြုပ် နေဆဲဖြစ်ပြီး အပူပိုင်းမုန်တိုင်းတစ်ခုမှာလည်း လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံ၏အရှေ့မြောက်ဘက်သို့ ရောက်လာနိုင်ခြေရှိနေကြောင်း  အာဏာပိုင်များက သတိပေးထားသည်။

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ