နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်

ရန်ကုန်၊  အောက်တိုဘာ ၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေး မထိုးနှံရသေးသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ အောက်တိုဘာ ၈ ရက်၊ နံနက် ၁၀ နာရီက မြို့နယ် ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းရာတွင် မြို့နယ်ပညာရေးမှူး ဦးဌေးဌေးက “တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးမည့်စင်တာ ၁၃ ခု သတ်မှတ်ထားကြောင်း၊ အခြေခံပညာကျောင်းများရှိ  အလယ်တန်း၊   အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများရှိ အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ် ဆေးထိုးမည့် စင်တာ ၁၃ ခုတွင် တာဝန် ယူရသည့် ဆရာ၊ ဆရာမ များက  ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၂ နှစ်ပြည့်ပြီးသည့် မူလတန်းအဆင့်ရှိ သက်လွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ကာကွယ်ဆေး ထိုးပေးစေချင်ကြောင်း” ပြောကြားခဲ့သည်။


တိုက်ကြီးမြို့နယ်တွင်  အ.ထ.ကကျောင်း ၁၀ ကျောင်း၊ အ.ထ.က (ခွဲ) ၁၄ ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.လ.က (ခွဲ) ၁၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၀ ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း ၄ ကျောင်းတို့ရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ  ၈၀၀၀ ကျော်ခန့်ကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူညီ ချက် ခံဝန်ကတိလွှာ ဖြည့်သွင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ ၆ ရက်မှစ၍ သက်ဆိုင်ရာကျောင်းများတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

စန်းကလျာခိုင်၊ဇွဲထက်ကို






အခြားဆက်စပ်သတင်းများ