နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ထီးရိုးတောင်တော် ဖွင့်ပွဲ ပြုလုပ်မည်

ကျိုက်ထို၊  အောက်တိုဘာ ၉


မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်အတွင်းရှိ  ဆံတော်ရှင်                     ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဘုရားဖူးမိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်  ပြန်လည်ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရသည်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ရာတွင် ဘုရားဖူးလာကြသူများအနေဖြင့်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ လမ်းညွှန်မှာကြားချက် များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။


ထို့ပြင် ယခု သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ထီးရိုးတောင် တော် ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်အနေ ဖြင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဖွင့်ပွဲပြုလုပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။  


ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် (သီတင်းကျွတ်လပြည့်) ဗုဒ္ဓပူဇနိယပွဲတော်ရာသီ ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရင်ပြင်တော်နှင့်  တောင်တက်ဝန်းကျင်  သန့်ရှင်းသပ်ရပ် စိမ်းလန်း စိုပြည်စေရေး၊ ဈေးဆိုင်တန်းနှင့် စားသောက်ဆိုင်တန်းများ စနစ်တကျ ဖြစ်စေရေးတို့ကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။           မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ