နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားကမ်းခြေတွင် ရေလွှာလှိုင်းစီးသူ တစ်ဦး ငါးမန်းကိုက်ခံရ

စခရာမန်တို၊  အောက်တိုဘာ ၇


ကယ်လီဖိုးနီးယားကမ်းခြေတွင် ငါးမန်းကိုက်ခံရမှုကြောင့် ရေလွှာလှိုင်းစီး အမျိုးသားတစ်ဦးသည် စိုးရိမ်ရသည့် အဆင့်ကို ရောက်ခဲ့ကြောင်း သိရသည်။ အသက် ၃၀ နှစ်အရွယ်ရှိ အဲရစ်ဆိုသူ သည် ရေလွှာလှိုင်းစီးသူ အမျိုးသား တစ်ဦးဖြစ်ကာ ပြီးခဲ့သည့် အားလပ်ရက် ပိတ်ရက်အတွင်း ဘိုဒီဂါ ပင်လယ်အနီး ရေလှိုင်းစီးနေစဉ် ယင်း၏ပေါင်ကို ငါးမန်းကိုက်ခံရခြင်း ဖြစ်ကြောင်းသိရ သည်။ 

ဆိုနိုမား ကောင်တီ ဆယ်လ်မွန်ခရိ ကမ်းခြေရှိ ရေလွှာလှိုင်းစီးအဖွဲ့နှင့်အတူ ပင်လယ်ထဲ ရေလွှာလှိုင်းစီးနေစဉ်တွင် ငါးမန်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဘိုဒီ ဂါပင်လယ်အော် မီးသတ်တပ်ဖွဲ့၏ပြော ကြားချက်အရ သိရ သည်။ 


ပေါင်ကို ငါးမန်းကိုက်ခံရသည့် အမျိုးသား အဲရစ်ကို ယင်း၏ လှိုင်းစီး ဖက် အဖွဲ့များက ကမ်းပေါ်တင်ခဲ့ကြပြီး ဖြတ်သွား ဖြတ်လာလူများနှင့် သူငယ်ချင်း များက အရေးပေါ်ကယ်ဆယ်ရေး နည်းလမ်းများနှင့်  ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်နှင့် လာရောက်ခေါ်ဆောင်ကာ အနီးအနား ဆေးရုံသို့ ပို့ခဲ့ကြသည်။ 


ကယ်လီဖိုး နီးယား ကမ်းရိုးတန်းတွင် ငါးမန်းကိုက်ခံရခြင်း ဖြစ်ရပ်များသည် လွန်ခဲ့သည့် ၁၉၅၀ ခုနှစ်ကတည်းက မတော်တဆမှုပေါင်း ၂၀၀ ဝန်းကျင် အနည်းဆုံး     ဖြစ်ပေါ်ခဲ့ဖူးကြောင်း ကယ်လီဖိုးနီးယားမီးသတ်နှင့် တောရိုင်း ဌာနက ထုတ်ပြန်ထားသည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ