နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်မှ ပြန်လည်ပေးပို့လာသည့် ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းများကို တရားဝင်လွှဲပြောင်းပေးအပ်မည်

ဖနွမ်ပင်၊  အောက်တိုဘာ ၄


ဗြိတိန်တွင်နေထိုင်သော ကွယ်လွန် သွားပြီဖြစ်သည့် ရှေးဟောင်းပစ္စည်းစု ဆောင်းသူ Douglas Latchford ၏ မိသားစုထံမှ  ပြန်လည်ပေးပို့လာသည့် ကမ္ဘောဒီးယား  ရှေးဟောင်းပစ္စည်းများမှာ မြို့တော်ဖနွမ်းပင်သို့ ရောက်ရှိလာပြီး မ ကြာမီအချိန်တွင် တရားဝင်လွှဲပြောင်းပေး အပ်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ပြန်လည်ရောက်ရှိလာသော  ရှေး ဟောင်းပစ္စည်း ၅ ခုတွင် Shiva နှင့် Skanda တို့၏ ကျောက်ဆစ်ရုပ်တစ်ရုပ်၊ ယောက်ျားတစ်ပိုင်းနှင့် မိန်းမတစ်ပိုင်းပုံ နတ်ဘုရားရုပ်တစ်ရုပ် ၊ ယောက်ျားနတ် ဘုရားရုပ်တစ်ရုပ်၊  Prajnaparamita ရုပ်တုတစ်ခုနှင့် ကြေးသတ္တုဖြင့်ပြုလုပ် ထားသော သင်္ဘောဦးတစ်ခုတို့ ပါဝင် သည်။ 


ယင်းရှေးဟောင်းပစ္စည်းများကို ဖနွမ်းပင် အမျိုးသားယဉ်ကျေးမှုဌာန တွင် ထိန်းသိမ်းထားပြီး ပညာရှင်များ က တန်ဖိုးဖြတ်ခြင်း ၊ သန့်ရှင်းခြင်းနှင့် ပြုပြင်ခြင်းများ ပြုလုပ်သွားမည်ဖြစ် သည့်အပြင် သင့်တော်သည့်အချိန်တွင် တရားဝင်လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ရန် ၎င်းရှေးဟောင်းပစ္စည်းများအတွက် လို အပ်သည့်အောက်ခံခုံများ တပ်ဆင်သွား မည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ရှေးဟောင်းပစ္စည်း ၅ ခုသည် ကမ္ဘောဒီးယားကျောက်တုံး နှင့် ကြေးသတ္တုများဖြင့် ပြုလုပ်ထား သော ပျောက်ဆုံး ရှေးဟောင်းပစ္စည်း ၁၀၀ ကျော်ထဲက  ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်တွင် သဘောတူ ညီချက် ရရှိပြီးနောက် Latchford မိသားစု က ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေး မှုနှင့်  အနုပညာဝန်ကြီးဌာနထံမှသိရ သည်။                      မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ