နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်သည့်အတွက် အမေရိကန် အမျိုးသမီးထောင်ချီ ဆန္ဒပြ

ဝါရှင်တန်၊  အောက်တိုဘာ ၄


ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ရေး ဆောင်ရွက်မှုကို တန်ပြန်သည့်အနေဖြင့် မြို့တော်ဝါရှင်တန်ဒီစီအပါအဝင် အမေရိ ကန်ပြည်ထောင်စုတဝန်း အမျိုးသမီး ထောင်ချီ ဆန္ဒပြခဲ့ကြသည်။ အမျိုးသမီး များအနေဖြင့် မိမိပိုင်ခန္ဓာကိုယ်၊ ရွေးချယ် မှု နှင့် လူ့အခွင့်အရေးဟုအဓိပ္ပါယ် ရ သည့် My Body, My Choice, My Right ဆိုသည့်  ကြွေးကြော်သံ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး   ဆန္ဒပြခဲ့ကြခြင်းဖြစ် သည်။


ကိုယ်ဝန်ဖျက်ချမှု အားလုံးနီးပါးကို တားမြစ်သည့်ဥပဒေတစ်ခုကို တက္က ဆက်ပြည်နယ်တွင် ပြီးခဲ့သည့်စက်တင်  ဘာလက ချမှတ်ခဲ့ပြီးနောက် လုပ်ထုံး လုပ်နည်းဆိုင်ရာ အချေအတင်များပို ပြီး တင်းမာလာကာ လွှတ်တော်တွင်းနှင့် တရားရုံးများတွင် အပြန်အလှန်ထိုးနှက် မှု များရှိသော်လည်း လူထုဆန္ဒပြပွဲများ မရှိခဲ့ကြောင်း သိရသည်။ 


အမေရိကန်    တရားရုံးချုပ် အစည်းအဝေးများ  ပြန်လည်စတင်ရန် နှစ်ရက်အလိုတွင်  ကိုယ်ဝန်ဖျက်ခွင့် တောင်းဆိုသူများအနေဖြင့် နိုင်ငံတဝန်း တောင်း ဆိုဆန္ဒပြကြရန် အဖွဲ့အစည်း ပေါင်း ၂၀၀ နီးပါးက တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။  ကိုယ်ဝန်ဖျက်ချမှုသည် လူသတ်မှုဖြစ်ကြောင်း  ကြွေးကြော်ကာ တန်ပြန် ဆန္ဒပြသူအချို့ရှိခဲ့သော်လည်း အကြမ်းဖက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း ဝါရှင်တန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။          ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ