နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ လေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

ရန်ကုန် အောက်တိုဘာ ၃


ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေး လျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး doses  ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအကြိမ်ရေ လေးသန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တို ဘာ ၂ ရက် ညနေ ၅ နာရီအချိန်တွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့သည်။ အဆိုပါ ကာကွယ်ဆေး များကို တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင် ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ)နှင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။ ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများ နှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများကို ဦးစားပေးအစီအစဉ် များ အလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်သည်။ အောက်တိုဘာ ၂ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm  ၁၄ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈ သန်း doses ရောက်ရှိ ပြီးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှား နိုင်ငံတို့မှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး doses  ငါးသန်းကျော်ကိုလည်း လက်ခံရရှိပြီး ဖြစ်သည်။ 


ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁ ရက်အထိ လူဦးရေစုစုပေါင်း  ၈,၂၆၄,၁၅၇  ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ  ၃,၈၆၃,၃၄၄  ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ  ၄,၄၀၀,၈၁၃ ဦးရှိပြီဖြစ်သည်။ 


သို့ဖြစ်ပါ၍ အောက်တိုဘာ ၁ ရက် အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း  ၁၂,၁၂၇,၅၀၁  ကြိမ် ထိုးနှံပြီးဖြစ်သည်။ မိဘပြည်သူ များအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

              (kkt)






အခြားဆက်စပ်သတင်းများ