နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း အိမ်ထောင်စုများကို စားသောက်ကုန်များ လှူဒါန်း

ရန်ကုန်၊  အောက်တိုဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာ၌ အခြေပြုဖွင့်လှစ်ထားသည့် အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ  ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များကို အောက်တိုဘာ ၅ ရက်၊ နံနက် ၁၀ နာရီက စားသောက်ကုန် များ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။


ထိုသို့လှူဒါန်းရာတွင် စားဝတ်နေရေးအခက်အခဲရှိသည့် အိမ်ထောင်စု ၅၃ စုစာကို အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည် တစ်အိတ်၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ ၁ ထုပ်၊ ခေါက်ဆွဲခြောက်အထုပ်များ နှင့် ဆပ်ပြာထုပ်များကို  ပရဟိတအသင်း  တာဝန်ရှိသူများက အမှန်တကယ် လိုအပ်လျက်ရှိသော  ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။


အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်ပြည်သူများက အသင်းသို့ လာရောက်လှူဒါန်းပေးမှုများကို  ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကိုတစ်ဆင့် ပြန်လည်လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း တာဝန်ရှိသူများထံမှ          သိရသည်။                                                   ကျော်ကျော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ