နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်ဂျီးရီးယားတွင် တရုတ်နှင့်ဖက်စပ် Sinovac CoVID-19 ကာကွယ်ဆေးထုတ်လုပ်မှုစတင်

အယ်လ်ဂျီးရီးယား  အောက်တိုဘာ  ၁


အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantineပြည်နယ် တွင် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စတင်လိုက်ပြီဖြစ်သည်။

 

ယင်းထုတ်လုပ်မှု ဖွင့်လှစ်ခြင်းအခမ်းအနားသို့ အယ်လ် ဂျီးရီးယားနိုင်ငံ ဝန်ကြီးချုပ် Ayman Benabderr ahmane နှင့် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Li Lianhe တို့ တက်ရောက်ခဲ့သည်။ ယခု ကာကွယ်ဆေးသည် တရုတ်နိုင်ငံ  ဇီဝဆေးဝါးကုမ္ပဏီ  Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ကိုင်ကြခြင်းဖြစ်သည်။ 


အဆိုပါ ထုတ်လုပ်မှုသည် အနာဂတ်တွင် အခြားကာကွယ် ဆေးများထုတ်လုပ်ခြင်းအတွက် လမ်းကြောင်းဖွင့်ပေးခြင်း လည်းဖြစ်ကြောင်း Benabderrahmane က ဖွင့်ပွဲမိန့်ခွန်း၌ ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယား နိုင်ငံနှင့်အတူ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုဆက်လက် အားကောင်းရန်၊ အရည်အသွေးမြင့်သော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မူဘောင်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး ဆက်လက်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း တရုတ်သံအမတ်ကြီးက ကတိပြုခဲ့သည်။  


အယ်လ်ဂျီးရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကပ်ရောဂါတိုက်ဖျက်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အယ်လ်ဂျီးရီးယားနိုင်ငံသည် တရုတ် နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ လှူဒါန်းမှုများ ပထမဆုံးပေးပို့ခဲ့ သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ယင်းအပေါ် ပြန်လည်၍ တရုတ်နိုင်ငံကလည်း အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဆေးဘက်ဆိုင်ရာအကူအညီနှင့်ကျွမ်းကျင်သူများ စေလွှတ် ခဲ့ကြောင်း သိရသည်။

ရဲခေါင်(ref: Reuters)






အခြားဆက်စပ်သတင်းများ