နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တံတွေးဖြင့် ကိုဗစ် ရှိ၊ မရှိ စမ်းသပ်နည်း အောင်မြင်

လန်ဒန်၊  အောက်တိုဘာ ၅


တံတွေးဖြင့် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ အလွယ်တကူ  ခြေရာခံသိရှိနိုင်မည့် ကိရိယာတခုကို ဗြိတိန်ဆေးသိပ္ပံပညာ ရှင်များက အောင်မြင်စွာတီထွင်လိုက် ကြောင်း Vatic အမည်ရှိ ဗြိတိန်ကုမ္ပဏီ က ပြောကြားလိုက်သည်။ 


Vatic ကုမ္ပဏီက ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းတို့၏ စမ်းသပ်မှု ရလဒ်များသည် အလွန်တိကျပြီးနောက် ဆုံးအုပ်စု စမ်းသပ်မှုများသည်အမှား အယွင်း တစ်ခုတလေပင် မရှိခဲ့ကြောင်း ပြောကြားသည်။ 


တံတွေး၊ သွားရည်များနှင့် စစ်ဆေး ရန် လူအများကို တစ်ပတ်အတွင်း အ ကြိမ်ကြိမ် စမ်းသပ်ခဲ့ကာ စမ်းသပ်ပြီး နောက် ရလဒ်အဖြေကို ၁၅ မိနစ်အ တွင်း သိရှိနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ က ပြောသည်။ 


လက်ရှိတွင်  အဆိုပါ  စမ်းသပ် ကိရိယာကို စမ်းသပ်ပြီးကာစ အခြေ အနေဖြစ်နေသည့်အတွက် အသုံးပြုရန် အဆင်သင့်မဖြစ်သေးသော်လည်း လူထု အကြား ရောင်းချအသုံးပြုနိုင်သည့် အဆင့်ထိရောက်ရန် အကြိမ်ကြိမ် စမ်း သပ်အတည်ပြုသွားမည်ဖြစ်ကြောင်း Vatic ကုမ္ပဏီက ပြောကြားထားသည်။

မျိုးဝင်း(ref:BBC)

\






အခြားဆက်စပ်သတင်းများ