နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက် လှုပ်ရှား ဆောင်ရွက်မှုများ

ပွင့်ဖြူ စက်တင်ဘာ ၃၀


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၂၉ ရက်  နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ ၊ ‌အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနအနေဖြင့် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဟူ သော ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ဝန်ဆောင်မှုပေးခြင်းကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့ သွားလာရေးအခက်အခဲရှိသော သက်ကြီးဘိုးဘွား များ ၊ မသန်စွမ်းသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် လာရောက် ရန်အခက် အခဲရှိသူများကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက်အထားများ စိစစ် ကာ စနစ်တကျ ပြုလုပ်ဆောင် ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။ 


မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်း ရပ်ကွက်ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ် ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် ကလေး မွေး တိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက် ပေးခြင်းများကို နေ့ချင်းပြီး အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (အောက်ပုံ)                                        ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ