နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက် လှုပ်ရှား ဆောင်ရွက်မှုများ

မင်းဘူး  စက်တင်ဘာ  ၃၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်များကို စက်တင်ဘာ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှု ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပေးအပ်ခဲ့ကြောင်း သိရသည်။ 


“နိုင်ငံသားစိစစ်ရေးကတ်ပြာများသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ် လိုအပ်သည့်အတွက် ယခုလိုကျေးရွာ အရောက် ကွင်းဆင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း” လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က ပြောသည်။


အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကိုင်ဆောင် နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်အသီးသီးတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 


မြို့နယ်လဝကရုံးများတွင် အထောက်ထားပြည့်စုံပါက နေ့ချင်း ပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  မြန်မာနိုင်ငံ အတွင်းရှိ လူဦးရေနှင့်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် သန်းခေါင်း စာရင်းကောက်ယူရန် ၂ နှစ်ခွဲကြာ ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (အပေါ်ပုံ)                         

 ဇင်မောင်






အခြားဆက်စပ်သတင်းများ