နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်၊ ဂျာမနီ ဥရောပ ကုန်သွယ်ရေး ချောမွေ့စေမည့် ရထားလမ်း ရှန်ဟိုင်းတွင် ပြေးဆွဲ

ရှန်ဟိုင်း  စက်တင်ဘာ  ၃၀


တရုတ် - ဂျာမနီ ၊ ဥရောပနှင့် လမ်းကြောင်းတစ်လျှောက်နိုင်ငံများအကြား ကုန်သွယ်စီးပွားဖလှယ်ရေးအတွက် ပို၍အဆင်ပြေလွယ်ကူစေရန် ပထမ ဆုံးရထားလမ်းကို ရှန်ဟိုင်းတွင်ပြေးဆွဲ ပြီဖြစ်ကြောင်း  တရုတ်နိုင်ငံ ဟမ်းဘတ် ဆက်သွယ်ရေးရုံးကိုယ်စားလှယ်အကြီး အကဲက ပြောသည်။

 

တရုတ်နိုင်ငံ စီးပွားရေး အချက်အချာ ဖြစ်သည့်  ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့   သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို   စတင်ခဲ့မှု သည် ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ် ကျော်   ပထမဆုံးရထားဝန်ဆောင်မှု စတင်သည့် အမှတ်သင်္ကေတဖြစ်ကြောင်း သိရသည်။  


အဝတ်အထည်၊ ကားအပိုပစ္စည်းနှင့် ဆိုလာပြားများ  တင်ဆောင်ထားသော ကွန်တိန်နာအလုံး ၅၀ ကို တင်ဆောင် ထားသည့် "Shanghai Express"သည် ရက်သတ္တနှစ်ပတ်အတွင်း ကီလိုမီတာ တစ်သောင်းကျော်ရှိသည့် ခရီးမောင်းနှင် ၍ ဟမ်းဘတ်မြို့ကို အရောက်သွားမည် ဖြစ်ကြောင်း   ရှန်ဟိုင်းအကောက်ခွန် ဌာန၏ပြောကြားချက်များအရ  သိရ သည်။ 


အဆိုပါရထားကြီးသည်  တရုတ် နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဖြစ်သည့် လာထော်ဆန်းမှ တစ်ဆင့် ကာဇက်စတန်၊ ရုရှား၊ ဘီလာ ရုဇ်၊ ပိုလန်နိုင်ငံများကို ဖြတ်သန်းသွား နိုင်မည်ဖြစ်သည်။ ယခုနှစ်သည် ရှန်ဟိုင်း နှင့် ဟမ်းဘတ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ထောင်သည့် ၃၅ နှစ် ပြည့် အထိမ်းအမှတ်ဖြစ်ရာ အနာဂတ် ကာလတွင် ပိုမိုများပြားသည့် ရထားများ ယင်းလမ်းကြောင်း၌    ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။


မျိုးဝင်း(ref: CAN)






အခြားဆက်စပ်သတင်းများ