နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီကွေဒေါတွင် အကျဉ်းသား ၂၄ ဦး သေဆုံးမှုဖြစ်ပွား

ကီတို   စက်တင်ဘာ  ၃၀


အီကွေဒေါနိုင်ငံ အနောက်တောင် ပိုင်း  Guayaquil  ကမ်းရိုးတန်းမြို့၌ တည်ရှိသော  Litoral အကျဉ်းထောင်၌ ဖြစ်ပွားသည့်     ထောင်ဆူမှုအတွင်း အကျဉ်း သား ၂၄ ဦးထက်မနည်း သေဆုံး ကာ အခြား ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တာဝန်ရှိသူများနှင့်အမျိုးသား ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ 


အကျဉ်းထောင်၏ နေရာအသီးသီး တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း သေဆုံးသွားသူများ၏ အရေအတွက်ကို Guayaquil မြို့ ၊ Guayas စီရင်စုအုပ်ချုပ် ရေးမှူး Pablo Arosemena က ဒေသ တွင်းမီဒီယာသို့  အတည်ပြုပြောကြား သည်။  


အဆိုပါပဋိပက္ခများသည် အကျဉ်း ထောင်အတွင်း  မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုနှင့်   အခြားသော ကြိုတင်စီစဉ်ထားသည့်  ရာဇဝတ်မှု များကိုထိန်းချုပ်ရန်အတွက်    ဂိုဏ်း အုပ်စုများအကြား တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း ယင်းက ဆိုသည်။  


ယခုဖြစ်စဉ်မှာ အကျဉ်းသား ၇၉ ဦး နှင့် ရဲအရာရှိများအပါအဝင် ဒဏ်ရာရရှိသူ ၂၀ ဦးခန့်ရှိခဲ့သည့် အကျဉ်းထောင်လေးခု၌ ညှိနှိုင်းတိုင်ပင်ထားသော ထောင်ဆူမှု များဖြစ်ပွားခဲ့သော      ဖေဖော်ဝါရီလ နောက်ပိုင်းပေါ်ပေါက်ခဲ့သည့် လူသေဆုံးမှု အများဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။


Litoral အကျဉ်းထောင်၌ ဖြစ်ပွား ခဲ့သည့်   ပဋိပက္ခများတွင်  သေနတ်ပစ် ခတ်မှုနှင့်ပေါက်ကွဲမှုများ    ပါဝင်ကြောင်း  အမျိုးသားရဲတပ်ဖွဲ့က တွစ်တာစာမျက်နှာ တွင် ရေးသားဖော်ပြသည်။ 


မျိုးဝင်း (ref:BBC)






အခြားဆက်စပ်သတင်းများ