နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုပ်ချုပ်မှုစနစ်တွင် ၁၉၆၄ ဘုရင်စနစ်ဖွဲ့စည်းပုံတစ်စိတ်တစ်ပိုင်းကို ပြန်သုံးမည်ဟု တာလီဘန်တို့ ပြော

ကဘူးလ်   စက်တင်ဘာ  ၃၀


အာဖဂန်နစ္စတန်နိုင်ငံတွင်  ကြား ကာလအုပ်ချုပ်ရေးအတွက်     ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံစည်းမျဉ်းကို ယာယီ အဖြစ် ၁၉၆၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းပါ    ဥပဒေများကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း တာလီဘန်တို့က ကြေညာလိုက်သည်။ 


အစ္စလာမ္မစ်အစိုးရအနေဖြင့်  ရှား ဘုရင်လက်ထက်က ဖွဲ့စည်းပုံစည်းမျဉ်း ကို အကောင်အထည်ဖော်ကျင့်သုံးမည် ဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံသည် အစ္စလာမ္မစ် ရှာရီယာဥပဒေများနှင့် ဆန့်ကျင်မှုမဖြစ် ကြောင်း တရားရေး၀န်ကြီးက ပြောသည်။ ထို့အပြင် ရှာရီယာဥပဒေနှင့် အစ္စလာမ္မစ် အုပ်ချုပ်ရေးကိုမဆန့်ကျင်သည့်  နိုင်ငံ တကာဥပဒေများ၊ ပြဋ္ဌာန်းချက်များကို လည်း လေးစားလိုက်နာသွားမည်ဖြစ် ကြောင်း တရားရေး၀န်ကြီး ရှာရီယာက ပြောသည်။ 


ရှားဘုရင်လက်ထက် ဖွဲ့စည်းပုံတွင် အမျိုးသမီး အခွင့်အရေးများအဖြစ်   မဲပေး ခွင့်နှင့်   နိုင်ငံရေးတွင် ဦးဆောင်ပါ၀င် နိုင်ရန်ဆိုသည့်       အခွင့်အရေးများကို အာမခံပေးထားသော်လည်း ယင်းအချက်  ကို ထုတ်ယူအသုံးပြုခြင်းရှိ၊ မရှိ ဆိုသည် ကိုမူ  တာလီဘန်တရားရေး၀န်ကြီးက ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။ 


၁၉၆၄ ခုနှစ် ရှားဘုရင်လက်ထက် တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသည်   ပါလီမန်ဒီမို ကရေစီစနစ်ကို အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်သော်လည်း လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များကမူ  စိုးရိမ်နေပြီး အာဖဂန်တွင် အပြစ်ပေးသတ်ဖြတ်ခြင်း၊ ခြေတွေလက်တွေဖြတ်အပြစ်ပေးခြင်း များပြန်လည်ဖြစ်လိမ့်ဦးမည်ဟု သုံးသပ် ဝေဖန်ထားကြသည်။

ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ