နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်  စက်တင်ဘာ   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းကို စက်တင်ဘာ ၂၉ ရက်  နံနက် ၉ နာရီက ဆိပ်ကြီးအနောက် ရပ်ကွက်ဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊  လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍အိမ်ထောင်စု စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသ၌ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း/ကိုင်ဆောင်လက်မှတ်မရှိသူ များကို  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းလျှောက် ထားရာတွင်  ပူးတွဲပါရှိရမည့် သတ်မှတ်အထောက်အထား စာရွက်      စာတမ်းများဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းရီနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိသည်။


ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊မြို့နယ် စာရင်းအရ အိမ်ထောင်စု ၉၈၇၉ စု၊ လူဦးရေအားဖြင့် ကျား ၁၉၅၈၃ ဦး၊ မ ၂၀၁၄၅ ဦး စုစုပေါင်း လူဦးရေ ၃၉၇၂၈ ဦးရှိပြီး၊ အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့်  မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ရပ်ကွက် အလိုက် သတ်မှတ်စုရပ်များတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊ လက်ရှိတွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု ၁၃၉ စုအား အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခဲ့ပြီး၊ မြို့နယ်နေပြည်သူ ၆၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီးဖြစ်‌ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ(IPRD)






အခြားဆက်စပ်သတင်းများ