နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ပေးအပ်

ရန်ကုန်  စက်တင်ဘာ   ၃၀


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့်   ဒေသခံ ပြည်သူများ   စားရေးအဆင်ပြေစေရေး အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင် များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း     သိရ သည်။


ထို့သို့ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်နှင့် စက်တင်ဘာ ၂၉ ရက်တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   မိုင်းဖြတ်မြို့၊ မိုင်းယောင်းမြို့နှင့် မိုင်းယုမြို့များရှိ ကျန်းမာ ရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ကျန်းမာ ရေး   အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များကလည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များကို    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ   တာဝန်ရှိသူများကလည်းကောင်း အသီးသီး သွားရောက်ပေးအပ်ခဲ့ကြကြောင်း     သိရ သည်။                                             (KS)






အခြားဆက်စပ်သတင်းများ