နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်တွင် အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများကို ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ

ရန်ကုန် စက်တင်ဘာ  ၂၉


ရန်ကုန်တိုင်း ‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် အသက် ၅၅ နှစ် နှင့် အထက်ပြည်သူများကို စက်တင်ဘာ ၂၈ ရက် နံနက် ၉  နာရီအချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာများ ဖြစ် သည့် အမှတ် ၆ ရပ်ကွက်၊ သာသနာ့ဗိမာန်၊ အုတ်ဖိုကျေးရွာ၊ အမှတ်(၁) မူလွန်ကျောင်းတို့ တွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးကို (ပထမ အကြိမ်) ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာ မြတ်မြတ်နှင်း ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျန်းမာ‌ရေး ဝန်ထမ်းများက အသက် ၅၅ နှစ်အထက်ပြည်သူ များ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများကို စုရပ် များအလိုက် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အ‌ရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစာရေး ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် အဖွဲ့ဝင်များမှလာရောက် ကြည့်ရှုအားပေး၍ လိုအပ် သည်များကို ပေါင်းစပ်‌ဆောင် ရွက်‌ပေးခဲ့ကြောင်း သိရသည်။


ရွှေပြည်သာ မြို့နယ်အတွင်း တွင် ရပ်ကွက် ၂၃ ခုနှင့် ကျေးရွာ ၄ ရွာရှိရာ ၂၇ ရက် တွင် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများ၊ ၆၅ နှစ်နှင့်အထက် ဘိုး၊ ဘွားများ၊မသန်စွမ်းသူ များ၊နာတာရှည် ရောဂါရှိသူ များကို  အ မှတ် ၄ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်နှင့် အုတ်ဖို ကျေးရွာတို့တွင်လည်းကောင်း၊ သံဃာတော်၊ သီလရှင်နှင့် ဦးတည် အုပ်စုများအလိုက် ထိုးနှံပေးမှုကို မြို့နယ်ဆေးရုံနှင့် စက်မှုဇုန်တို့တွင် စုရပ်လေးနေ ရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိပြီး အသက် ၅၅ နှစ်နှင့် အထက် (ပထမအကြိမ်)ကာကွယ်  ဆေးထိုးနှံပြီးသူပေါင်း ၅၃၈၅ ဦးနှင့် ဦးတည်အုပ်စုများအလိုက် (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း ၂၃၃၆၄ ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရ သည်။             အေးမိုး၊ဇွဲထက်ကို






အခြားဆက်စပ်သတင်းများ