နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်အတွင်း ရွေ့လျားဈေးကားရောင်းချနေမှုရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၉


ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်တို့ သည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင် များနှင့်သက်ဆိုင်ရာ တာဝန်ရှိ သူများ လိုက်ပါလျက်ယနေ့ နံနက် ၇ နာရီက အင်းစိန် မြို့နယ်၊ ဖန်ချက် စက်လမ်း ရှိ စံပြချမ်းမြေ့ စည်ပင် ဝန်ထမ်း အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန် ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင် ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေး သို့သွားရောက်ရန် မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှု ကို သွားရောက် ကြည့်ရှု စစ်ဆေး ပြီးကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ၊ အသိပေးချက်များ ကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြား သည်။


ယနေ့ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချသော စားသောက်ကုန် များမှာ ကြက် ၁ ကောင် ကျပ် ၅,၀၀၀ နှုန်း၊ ဝက်သား ၁ပိဿာ ကျပ် ၁၀,၀၀၀ နှုန်း၊ အမဲသား ၁ ပိဿာ ကျပ် ၁၂,၀၀၀ နှုန်း၊ ဆိတ်သား ၁ ပိဿာ ကျပ် ၁၇,၀၀၀ နှုန်း၊ ကြက်ဥ ၁ လုံး ကျပ် ၁၀၀ နှုန်း၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် မီးဖို ချောင်သုံး ကုန်ခြောက်မျိုးစုံတို့ ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်အောင် စီစဉ်ပေး နိုင်ခဲ့ကြောင်းနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင် ရန်နှင့် ပြည်သူများဈေးနှုန်း သက်သာစွာဖြင့်ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရန် လိုင်စင်စီ များမှရောင်းချသည့် အသား မျိုးစုံကိုလည်း မြို့နယ်များ အတွင်း လှည့်လည်ရောင်းချ ပေးလျက်ရှိရာ ယနေ့တွင် ရန်ကင်း၊ မရမ်းကုန်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် များရှိ အများပြည်သူ နေထိုင် ရာအိမ်ရာ စခန်းများတွင်လည်း ရောင်းချပေးခဲ့ကြောင်း သိရ သည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့် ဥပဒေချုပ်တို့သည် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့၊ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက် သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓ သာသနာပြုအောင်ဆန်း ဆရာ တော် အဂ္ဂမဟာ ကမ္မဌာနာ စရိယ ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ အတွက် ဝါဆိုသင်္ကန်း၊ ဆွမ်း ဆန်တော်နှင့် နဝကမ အလှူငွေ တို့ကို ဆက်ကပ်လှူဒါန်း၍ သာသနာရေး ဆိုင်ရာများကို လျှောက်ထားခဲ့ကြောင်း သိရ သည်။   သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ