နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွီဒင်တွင် အဆောက်အဦတစ်ခုပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၂၅ ဦးထိခိုက်ဒဏ်ရာရ

စတော့ဟုမ်း  စက်တင်ဘာ  ၂၉


ဆွီဒင်နိုင်ငံ    ဂျိုနဘန်ဘတ်တွင် အဆောက်အဦတစ်ခု ပေါက်ကွဲမှုဖြစ် ခဲ့ရာ အဆောက်အဦပျက်စီးပြီး လူ ၂၅ ဦးခန့်ကို   ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း    ဆွီဒင်ပြည်သူဝန်ဆောင်မှု ရေဒီယိုက ကြေညာသည်။ 


ဆေးရုံသို့ခေါ်ဆောင်လာသူ များထဲ တွင်  အမျိုးသမီးသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊   အရေးပေါ် ကယ်ဆယ်ရေးဌာနက   ပေါက်ကွဲမှု ဖြစ်ပွားသည့် အဆောက်အဦအတွင်း လူများကိုကယ်ထုတ်ရန်   လုပ်ဆောင် နေပြီး    အဆောက်အဦအတွင်း မီးလောင်နေမှုကို   ငြှိမ်းသတ်နေကြောင်း သိရသည်။


 အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက   ပြောခဲ့ရာတွင် ပေါက်ကွဲမှုနှင့်    မီးလောင်မှုကြောင့်  လူများစွာကို   ဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးခဲ့ရကြောင်း သိရသည်။ 


ဆွီဒင်တွင်    မကြာသေးမီနှစ်များ အတွင်း အုပ်စုဖွဲ့ရာဇ၀တ်မှုများ အရှိန် မြင့်တက်လာခဲ့ပြီး ပြိုင်ဘက်အုပ်စုများ အကြား အခြေချမှုအတွက် ဖြေရှင်းရန် ဖောက်ခွဲရေးခဲယမ်းများနှင့် လက်နက် များအသုံးပြုခဲ့ကြောင်း သိရသည်။


ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ