နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါမိုင်းတွင်းထဲ၌ မြေအောက်မိုင်းလုပ်သား ၃၉ ဦးပိတ်မိနေ

တန်ရွန်တို  စက်တင်ဘာ  ၂၉


မြေအောက်၌ မိုင်းတွင်းလုပ်သား ဒါဇင်ပေါင်းများစွာပိတ်မိ နေခဲ့သည့် ဖြစ်ရပ်တစ်ခု အွန်တေရီယိုမြောက်ပိုင်း ဆပ်ဘူရီ ယိုရှိ ကနေဒါမိုင်းတွင်းတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ဗေးလ်တိုတမ်မိုင်းတွင်း၌     ထောက်တိုင်ကျိုးကျကာ မိုင်းတွင်းအလုပ်သမား ၃၉ ဦးသောင်တင်နေကြောင်း ပြောခဲ့ပြီး ကုမ္ပဏီကမူ ထိခိုက်ဒဏ်ရာရသူမရှိကြောင်းဆိုပြီး ကယ်ဆယ် ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ 


အဆိုပါသတ္တုမိုင်းမှာ လူဦးရေ ၁၆၅၀၀၀  ခန့်ရှိသည့် ဆပ်ဘူရီယိုအနီးတွင်ရှိပြီး တိုရွန်တိုမြို့မြောက်ဘက်လေးနာရီ ခန့် အကွာတွင် တည်ရှိသောသတ္တုတွင်းဖြစ်သည်။ ကြေးနီ၊ နီကယ်၊ ကိုဘော့ ၊ ပလက်တီနမ်၊ ရွှေနှင့်ငွေများကို ထုတ်လုပ် ပြီး ၀န်ထမ်း အင်အား ၂၀၀ ခန့်ရှိသည်ဟု ကုမ္ပဏီကထုတ်ပြန် သည်။ 


ကုမ္ပဏီတွင် သတ္တုမိုင်း ၅ ခုရှိပြီး   ကြိတ်ခွဲစက်တစ်ခု၊ အရည်ကျိုစက်ရုံ တစ်ခုနှင့်  ၀န်ထမ်း ၄၀၀၀ နီးပါးရှိပြီး ယင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပေါင်းစည်းသတ္တုတူးဖော် ရေးလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

ရဲခေါင်(Ref:AFP)






အခြားဆက်စပ်သတင်းများ