နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမန်ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်များ မဲအများဆုံးရရှိ

ဘာလင်  စက်တင်ဘာ  ၂၉


ဂျာမန်ဝန်ကြီးချုပ်အဖြစ်မှ ထွက်ခွာ တော့မည့် အန်ဂျယ်လာမာကယ်လ်၏ ဗဟိုလက်ယာ  ပြည်ထောင်စုပါတီနှင့်  အနီးဆုံးပြိုင်ဘက်ဖြစ်သည့် လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်များသည်    ဂျာမန် အမျိုးသားရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့ကြောင်း သိရသည်။


မဲဆန္ဒနယ် ၂၉၉ ခုလုံး၏ ရေတွက်မှု အရ ဆိုရှယ်ဒီမိုကရက်များမှာ ဆန္ဒမဲ ၂၅ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ရွေးကောက်ပွဲအရာရှိများက ပြောကြား ခဲ့ပြီး  အဆိုပါအရေအတွက်မှာ ပြည် ထောင်စုပါတီရရှိသည့် ဆန္ဒမဲ ၂၄ ဒသမ ၁ ရာခိုင်နှုန်း ထက်သာလွန်ခဲ့ကြောင်း သိရသည်။


အလားတူပင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပါတီဖြစ်သည့်  Greens ပါတီမှာ  ၁၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် လွတ်လပ်သည့် ဒီမိုကရက်တစ်များက ၁၁ ဒသမ ၅ ရာခိုင်နှုန်းရှိနေခဲ့ကြောင်း၊ ပါတီနှစ်ခုစလုံးမှာ  ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန်အတွက် ပြိုင်ဘက်ပါတီကြီး နှစ်ခုနှင့် သုံးပွင့်ဆိုင်ဆွေးနွေးရန် ဆန္ဒရှိ နေကြောင်းလည်း သိရသည်။


ဂျာမနီအတွက်    စတုတ္ထမြောက် မဲပေးခံရမှုတွင်  လက်ယာစွန်းပါတီက ၁၀ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ထောက်ခံ မှုရခဲ့ပြီး လက်ဝဲပါတီက ၄ ဒသမ ၉ ရာခိုင်နှုန်းသာရရှိခဲ့သည်။ ၁၉၄၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒိန်းမတ်လူမျိုး လူနည်းစုပါတီ SSW က ပါလီမန်တွင် အမတ်နေရာတစ်နေရာ အနိုင်ရရှိရန်       သေချာနေကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများက ပြော သည်။          ရဲခေါင်(ref:IndianTimes)






အခြားဆက်စပ်သတင်းများ