နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတြေးလျတွင် လော့ခ်ဒေါင်းဖြေလျှော့ပေးမည်ဟု ဝန်ကြီးချုပ် ပြောကြား

မဲလ်ဘုန်း   စက်တင်ဘာ  ၂၉


Australia နိုင်ငံတွင် လူဦးရေအထူ ထပ်ဆုံး New South Wales ပြည်နယ်၌ လူဦးရေ ၇ဝ ရာခိုင်နှုန်းကို   Covid ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီး ပါက Lockdown လုပ်ထားခြင်းများကို ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ပြည်နယ်အတွင်း Covid ကာကွယ်ဆေး အပြည့် ထိုး၊  မထိုးပေါ်မူတည်ပြီး ဖြေလျော့ မှုများလုပ်သွားမည့် အစီအစဉ်များကို ပြည်နယ်ဝန်ကြီးချုပ်   Gladys Bere jiklian က ကြေညာလိုက်ခြင်းဖြစ်သည်။


New South Wales ပြည်နယ်တွင် လူဦးရေ ၈ဝ ရာခိုင်နှုန်းမှာ     Covid ကာကွယ်ဆေး ၂ လုံးထိုးပြီးသွားပါက ပြည်နယ်တွင်း   လွတ်လပ်စွာသွားလာ နိုင်မည်ဆိုသည်ကို အတည်ပြုပြောနိုင် ကြောင်း  ပြည်နယ်ဝန်ကြီးချုပ်  Bere jiklian က ပြောကြားသည်။ 


ယင်းသို့ lockdown ဖြေလျှော့မှုကို အောက်တိုဘာလ ဒုတိယပတ်ခန့်တွင် လုပ်ဆောင်ရန်ခန့်မှန်းထားပြီး ထိုအချိန် မှစ၍ ဖြေလျော့မှုများ စလုပ်နိုင်မည်ဖြစ် ကြောင်း ယင်းက ပြောသည်။ 


Lockdown    ဖြေလျှော့ပြီးပါက လူအများပါဝင်သည့် အားကစားပွဲများ၊ ဒေသတွင်း    ခရီးသွားလာမှုများအပါ အဝင် ကန့်သတ်ချက်အတော်များများ ကို ဖြေလျှော့ပေးနိုင်ရန် ခန့်မှန်းထားကာ ကာကွယ်ဆေးလုံးဝမထိုးသူများအတွက်  အသွားအလာကန့်သတ်ချက်များကိုမူ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း    ပြည်နယ်ဝန်ကြီးချုပ်၏ အစီအစဉ်များကို    သတင်းများတွင် ကြေညာခဲ့သည်။      

 မျိုးဝင်း(ref: AP)






အခြားဆက်စပ်သတင်းများ