နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်

ရန်ကုန်  စက်တင်ဘာ   ၂၉


ရန်ကုန်တိုင်းဒေသကြီး၊    မြောက်ပိုင်းခရိုင်  တိုက်ကြီးမြို့နယ် အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်နေသူများ၊ အခြားရောဂါဝေဒနာကြောင့် အောက်ဆီဂျင်လိုအပ်နေသူများအတွက် အောက်ဆီဂျင် အချိန်တိုအတွင်း အလွယ်တကူလုံလောက်စွာရရှိစေ ရေးရည်ရွယ်၍ မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံသည် စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်က စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။


တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ကွက်ရှိ မြို့မိမြို့ဖ ဦးမျိုးမြင့်၏ ဆန်စက်မြေနေရာဘေးတွင် ယာယီတည်ဆောက်ထားသောတရုတ် နိုင်ငံထုတ် အောက်ဆီဂျင်စက်ရုံစတင်လည်ပတ်ချိန်တွင် အောက်ဆီဂျင် ပါဝင်မှုနှုန်း ၉၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၆ အိုးအထိ တစ်ပြိုင်တည်း ထုတ်လုပ်နိုင်မည်ဖြစ်ရာ တစ်ရက်လျှင် ပျမ်းမျှအောက်ဆီဂျင် ၄၀ လီတာအိုး ၁၂၀ အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်မှုအခြေအနေကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် ( ၁) ဗိုလ်မှူး ရဲမင်းအောင် ၊ အဖွဲ့ဝင် ( ၂)  ဦးမောင်မောင်လတ်တို့ပါဝင်သော အဖွဲ့နှင့် မြို့မိမြို့ဖများလာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်၊ ဇွဲထက်ကို






အခြားဆက်စပ်သတင်းများ