နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွံတေးမြို့နယ်နေ ပြည်သူများထံ တန်ဖိုးသင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများရောင်းချပေးလျက်ရှိ

ရန်ကုန်  စက်တင်ဘာ   ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ၍ တွံတေးမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အုန်းပင်စု ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က( ၁) ကျောင်း ရှေ့တွင် ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော် ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့်  မြို့နယ်နေပြည်သူများကို အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီ၊ ကြက်ဥအသားများကိုဈေးနှုန်းသင့်တင့်စွာလာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ရောင်းချပေးရာတွင်    ပြည်သူများဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်းတစ်ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ငါးပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင်  ငွေကျပ် ၁၇၀၀ နှုန်းဖြင့်   ငါးပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့်လည်းကောင်း၊ ကြက်ဥ ၁၀ လုံး တစ်ကတ်ကို ၁၁၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာကို ၁၂၀၀၀ ကျပ်ဖြင့် ရွေ့လျားစျေးကားMobile Market  ဖြင့် ပြည်သူများအားရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်တွံတေး






အခြားဆက်စပ်သတင်းများ