နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ငွေနည်းအိမ်ထောင်စု ၁၉၅၀ စုသို့ ဆန်တစ်ပြည်စီ လှူဒါန်း

ရန်ကုန်  စက်တင်ဘာ   ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဦးကျင် တိုးလွင် (စိန်မှန်ကားမှန်ရောင်းဝယ်ရေး)မိသားစုနှင့် ရန်ကုန်မြို့နေ ဦးရာစူးမိသားစုတို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကာလ အတွင်း ဝင်ငွေနည်းသော သုံးခွမြို့ အမှတ် (၈/၉/ ၁၀) ရပ်ကွက်များ အတွင်းနေ ခုနစ်ရက်သားသမီးမိသားစုများကို  အမှတ် ၉ ရပ်ကွက် ဝဲပြန်‌ကျာင်းတိုက်၊  ဓမ္မာရုံ၌ စက်တင်ဘာ ၂၆၊ ၂၇ ရက်‌တို့တွင် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်စီ အိမ်ထောင်စု ၁၉၅၀ စုကို ဒုတိယအကြိမ်လှူဒါန်းခဲ့‌သည်။ 


ထိုသို့လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား အမှတ် ၉ရပ်ကွက် တိုက်တန်းလျားရှိ  မေတ္တာစုန်ရေလူမှုကူညီရေးအသင်းမှ   ဥက္ကဋ္ဌ ဦးနေလင်း ဦးဆောင်သောအဖွဲ့က လုပ်အားဒါနပြု ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။                   ကိုကျော် (သုံးခွ)






အခြားဆက်စပ်သတင်းများ