နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်း သာယာ လှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ပွားမှုမရှိစေရန် ရည်ရွယ်၍ ဖော့ကန် ရပ်ကွက်၊ပုလဲလမ်းဘေးရှိ  အမှိုက်များ၊ ချုံနွယ်များနှင့် မြက်များကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့သည်။


အင်းစိန်မြို့နယ်၊စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန ပတ်ဝန်းကျင် သန့်ရှင်းရေးမှ ၅ ဦး၊ ရေစီးရေလာမှ ၅ ဦး၊ ပန်းဥယျာဉ်မှ ၁၀ ဦး၊ လမ်း/ တံတားမှ ၅ ဦး စုစုပေါင်းဝန်ထမ်း ၂၅ ဦးက  လမ်းဘေးရှိအမှိုက် များရှင်းခြင်း၊ ချုံနွယ်များရှင်းခြင်း၊ မြက်များရှင်းခြင်း စသည့်လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပြီး အမှိုက်များကို ထိန်ပင်နောက်ဆုံး စွန့်ပစ် အမှိုက်ပုံသို့ စွန့်ပစ်ခဲ့ကြောင်း သိရသည်။       ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ