နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

ရန်ကုန် စက်တင်ဘာ ၂၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး  အသက် ၅၅ နှစ်နှင့်အထက် ဒေသခံပြည်သူများ၊အကျဉ်း သား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်း များနှင့်  ယာယီတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများစသည့် ဦးတည် အုပ်စု  ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ စက်တင်ဘာ ၂၇ ရက် တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် နမ္မတူမြို့တို့၌ ၁၅၀၆ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ခိုင်းလုံကျေးရွာရှိ ဒေသခံ ‘ဝ’တိုင်းရင်းသား ၂၁၀၀ ဦး၊ မြို့နယ် ခြောက်မြို့နယ်တို့၌ ၂၀၇၃ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ၁၁၈၂၈ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့၌ ၁၄၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်တို့၌ ၅၃၅၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၁၆ မြို့နယ်တို့၌ ၁၂၉၆၁ ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီလူမျိုး ၂၅၂ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁  မြို့နယ်တို့၌ ၁၃၉၉၇ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခုတို့၌ ၉၉၂၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆  မြို့နယ်တို့၌ ၁၀၆၅၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                 (KS)






အခြားဆက်စပ်သတင်းများ