နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထောင်ဖောက်ပြေးရန် ကြိုးပမ်းရာမှ အကျဉ်းသားလေးဦးသေဆုံးမှု ဖိလစ်ပိုင်တွင် ဖြစ်ပွား

မနီလာ   စက်တင်ဘာ  ၂၈


အကျဉ်းထောင်ဖောက်၍ ထွက်ပြေးရန်   ကြိုးပမ်းရာမှ အကျဉ်းသားများသေဆုံးခဲ့မှုတစ်ခု ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ယင်းသို့ သေဆုံးရခြင်းမှာ ထောင်အစောင့်များကထွက်ပြေး အကျဉ်းသားများကို ပစ်ခတ်ဖမ်းဆီးစဉ်အတွင်း သေဆုံးသွား ခြင်းဖြစ်ကြောင်း ထောင်အာဏာပိုင်များက ပြောကြားသည်။ 

 

ယင်းဖြစ်စဉ်မှာ စားဖိုဆောင်၌ နံနက်စာ ပြင်ဆင်နေသည့် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးကို အကျဉ်းသား ၁၁ ဦးကျော်က ဓားစာခံပြုလုပ်ပြီး ထွက်ပြေးရာမှတစ်ဆင့် ဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်စီမံခန့်ခွဲမှုနှင့် ပြစ်မှုဆိုင်ရာအဖွဲ့က ပြောသည်။ 


အကျဉ်းသားများသည် ဂိတ်တံခါးရှိ ထောင်အမှုထမ်း၏ လက်နက်များကို ယူဆောင်ပြီး ထောင်အစောင့်များကိုပစ်ခတ် ခဲ့ကာ ယင်းအကျဉ်းသားများအနက် တစ်ဦးမှာ လက်လုပ် ဆူးချွန်လက်နက်အသုံးပြု၍  ထောင်အစောင့်တစ်ဦးအား ထိုးနှက်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားထားသည်။

မျိုးဝင်း(ref:EuroNews)






အခြားဆက်စပ်သတင်းများ