နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်တွင် မီးတောင်ပေါက်ကွဲမှု ဆက်လက်ပြင်းထန်နေ

လာပါလ်မား  စက်တင်ဘာ  ၂၈


စပိန်နိုင်ငံ လာပါလ်မားကျွန်းတွင် Cumbre Vieja မီးတောင်ပေါက်ကွဲမှုသည် ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာခြင်းကြောင့် လက်ရှိတွင် လူအများကို ဘေးလွတ်ရာသို့ ဝိုင်းဝန်းရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။ 


မီးတောင်ပြင်းထန်စွာပေါက်ကွဲမှုဆက်နေခြင်းကြောင့် ဒေသတွင်း လေဆိပ်ကို အလုံးစုံပိတ်ထားလိုက်ရပြီး ရေယာဉ်ဖြင့် လူအများအပြားကို အရေးပေါ်ရွှေ့ပြောင်း ပေးထားကြောင်း သိရသည်။  


မီးတောင်ဝ၌ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ မီးခိုးများနှင့်အတူ ကျယ်လောင်သည့် မြည်ဟိန်းသံများထွက်လာပြီး လက်ရှိအချိန်အထိ မီးတောင်ဝမှ ချော်ရည်များ မပြတ်တမ်းထွက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ မီးတောင် ပေါက်ကွဲမှုနှင့် အလှမ်းဝေးသည့် ကျေးရွာများတွင်ပင် စိုးရိမ်ပူပန်မှုများဖြစ်လာကာ ဒေသတွင်းနေထိုင်သူများသည် နေရပ်မှထွက်ခွာရန် ပြင်ဆင်လာကြပြီး လမ်းမပေါ် တွင်  ရဲတပ်ဖွဲ့ယာဉ်အများအပြားရောက်ရှိလာကာ  ကျေးရွာအများအပြားကို အရေးပေါ်လုံခြုံရေးနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ 


Canary မီးတောင်သုတေသနဌာန ဘူမိဗေဒပညာရှင်များကမူ ချော်ရည်များ သည် တစ်စက္ကန့်လျှင် ၄၀ မီတာနှုန်းဖြင့် ပင်လယ်အတွင်းသို့ စီးဝင်နေကြောင်း အတည်ပြုပြောကြားသည်။ 

မျိုးဝင်း(ref: BBC)






အခြားဆက်စပ်သတင်းများ