နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကဘူးလ်သို့ ခရီးသည်တင်လေယာဉ်များဝင်ရောက်နိုင်ကြောင်း တာလီဘန်ဖိတ်ခေါ်

ကဘူးလ်   စက်တင်ဘာ  ၂၈


အာဖဂန်နစ္စတန်ရှိ    တာလီဘန် အစိုးရအနေဖြင့်  ပြည်ပခရီးသည်တင် လေယာဉ်များ ကဘူးလ်လေဆိပ်ကို ပျံသန်းနိုင်ပြီဖြစ်ကြောင်း   ထုတ်ပြန် ကြေညာလိုက်သည်။ 


မြို့တော်   ကဘူးလ်လေဆိပ်တွင် ပြဿနာများအားလုံး ပြေလည်သွားပြီး လိုအပ်ချက်များကို အပြည့်အဝလုပ် ဆောင်နိုင်ပြီဖြစ်ကြောင်း ယင်းတို့က ပြောကြားလိုက်ခြင်းဖြစ်သည်။ 


သောင်းချီသည့် နိုင်ငံခြားသားများ နှင့်   အန္တရာယ်ကျရောက်နိုင်သည့် အာဖဂန်နိုင်ငံသားများကို အရေးပေါ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ခရီးသည်တင် လေကြောင်းပျံသန်းမှုများကို ပိတ်ထား ခဲ့ရခြင်းဖြစ်သည်။ 


ထို့ပြင် ပြိုပျက်နေသည့် လေယာဉ် ကွင်းကို  ကာတာနိုင်ငံ၏ နည်းပညာ အကူအညီများနှင့်   တစိတ်တဒေသ ပြန်လည်   ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်းဖြစ် သည်။ ခရီးသည်တင်လေယာဉ်ခရီးစဉ် များပြန်လည်စတင်ရန် တာလီဘန်များ၏ ဖိတ်ခေါ်ချက်ကို   ပြည်ပလေကြောင်း လိုင်းများအနေဖြင့်   လောလောဆယ် တုံ့ပြန်ချက် တစုံတရာမရှိသေးကြောင်း သိရသည်။ 


ပါကစ္စတန် နိုင်ငံတကာလေကြောင်း (PIA) ၏ ပြောခွင့်ရတစ်ဦးကမူ ယင်းတို့ နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်များ ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေ သော်လည်း      ကဘူးလ်လေဆိပ်၏  မြေပြင် အခြေအနေကြောင့်    အာမခံကြေး အဆမတန်    မြင့်မားနေသည့်အတွက် လုပ်ငန်းမစနိုင်ဖြစ်နေကြောင်း  ပြော ကြားထားသည်။

ရဲခေါင်(ref: Reuters)






အခြားဆက်စပ်သတင်းများ