နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်အတိုက်အခံပါတီခေါင်းဆောင်သစ်ကို တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု

ဘေကျင်း  စက်တင်ဘာ  ၂၈


ထိုင်ဝမ်နိုင်ငံတွင် အဓိက အတိုက် အခံပါတီဖြစ်သည့် ကူမင်တန်ပါတီ၏ ခေါင်းဆောင်အဖြစ် Eric Chu ရွေးချယ်ခံ ရသည့်အပေါ် တရုတ်သမ္မတ Xi Jinping က ချီးကျူးဂုဏ်ပြုလိုက်သည်။ 


ကူမင်တန်ပါတီ၏ ခေါင်းဆောင် ဖြစ်လာသည့် Eric Chu သည် တရုတ် ခေါင်းဆောင်များနှင့်  ကောင်းမွန်သည့် ဆက်ဆံရေး ပြန်လည်စတင်မည်ဖြစ် ကြောင်း ပြောဆိုထားသူဖြစ်သည်။ 


ထိုင်ဝမ်ရေလက်ကြား၏  အခြေ အနေမှာရှုပ်ထွေးပြီး တင်းမာခက်ထန် နေကြောင်း ပါတီခေါင်းဆောင်သစ် Eric Chu ထံကိုပေးပို့သည့် တရုတ်သမ္မတ Xi Jinping ၏ စာတွင် ဖော်ပြထားသည်။ ကူမင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ် ပါတီတို့အနေဖြင့် ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံရေး ရှိခဲ့ကြောင်း၊ ပါတီနှစ်ခုစလုံးသည် ထိုင်ဝမ်ကို သီးခြား လွတ်လပ်သည့်နိုင်ငံအဖြစ် ထူထောင် ရန်ဆန္ဒမရှိသည့်   အခြေခံခြင်းလည်း တူညီကြောင်း သတင်းများတွင် ဖော်ပြ သည်။ 


ကူမင်တန်ပါတီ၏ ခေါင်းဆောင်သစ် Eric Chu ကမူ     တရုတ်အစိုးရနှင့် တင်းမာသည့် အခြေအနေများဖြစ်ခဲ့ သည့်အပေါ်   သမ္မတ Tsai ၏ မူဝါဒ များကြောင့်ဟု အပြစ်တင်ထားသည်။ ကူမင်တန်ပါတီခေါင်းဆောင် Eric Chu သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကျင်းပ စဉ်က သမ္မတ Tsai ကို မဲအပြတ်သတ် ဖြင့် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ရဲခေါင်(ref: BBC)






အခြားဆက်စပ်သတင်းများ