နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်

ရန်ကုန်  စက်တင်ဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း လာစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သည့်သည့် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း ကို စက်တင်ဘာ ၂၁ ရက်၊ ညနေပိုင်း အချိန်က တာဝန်ရှိသူများမှ မြို့နယ် အတွင်း မော်တော်ယာဉ်ဖြင့် အသိ ပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးနှိုးဆော်ရာ တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူ များအနေဖြင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားရန်၊ လူအများ နှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာ အကာ (Face Shield) တွဲဖက်တပ်ဆင် ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်နှင့် လူစုလူဝေး ရှောင်ရှားကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက် လက် လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယလက္ခဏာများပေါ်ပေါက် ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသ မှုခံယူရန်နှင့် အပြင်ထွက်လျှင် ပါးစပ် နှင့်နှာခေါင်းစည်း (Mask) ကို စနစ် တကျ မတပ်ဆင်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေးနှိုးဆော် တိုက်တွန်းထားသည်။


အဆိုပါ အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ စီစဉ် ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၅ အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်း လမ်းများကို သိရှိလိုက်နာနိုင်စေရေး အတွက် အသံချဲ့စက်များ၊ လက်ကိုင် စပီကာများဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရ သည်။            (စန်းကလျာခိုင်၊ ဇွဲထက်ကို)






အခြားဆက်စပ်သတင်းများ