နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေငုပ်သင်္ဘောပြဿနာ ဥရောပသမဂ္ဂ ပြင်သစ်ကိုထောက်ခံ အမေရိကန်ကို မေးခွန်းထုတ်

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၃ 


သြစတြေးလျနိုင်ငံက ဒေါ်လာ ၄၀ ဘီလီယံတန်သည့် ပါရီနှင့် ရေငုပ်သင်္ဘော သဘောတူစာချုပ်ကို အမေရိကန်နှင့် ဗြိတိန်အလိုကျ ဖျက်သိမ်းလိုက်ခြင်းကို နယူးယောက်တွင် တွေ့ဆုံဆွေးနွေးစဉ် အတွင်း ဥရောပသမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးများက ပြင်သစ်ကိုထောက်ခံပြီး ပြင်သစ်နှင့်အတူရပ်တည်မည် ဖြစ် ကြောင်း ပြောကြားလိုက်သည်။ 


ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးခြားတံခါးပိတ်အစည်းအဝေးအပြီး ပြောကြားရာတွင် ဥရောပသမဂ္ဂနိုင်ငံခြား မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က တရုတ်နိုင်ငံအင်အားကြီးထွားနေသည့် အင်ဒို-ပစိဖိတ် ဒေသတွင် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမို ပူးပေါင်းညှိနှိုင်းပြီး သွေးမကွဲရန်တိုက် တွန်းလိုက်ခြင်း ဖြစ်သည်။ 


ပြင်သစ်နိုင်ငံမှ သမားရိုးကျရေငုပ် သင်္ဘောများ မှာယူထားခြင်းကို ဖျက် သိမ်းပြီး အမေရိကန်နှင့် ဗြိတိန် အကူ အညီဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အနည်းဆုံး  ၈ စင်း ကို ပြည်တွင်းတွင် တည်ဆောက်မည် ဟု သြစတြေးလျက လွန်ခဲ့သော ရက် သတ္တပတ်က ကြေညာခဲ့သည်။ 


လက်ရှိတွင်   အမေရိကန်ပြည် ထောင်စုနှင့် ဥရောပသမဂ္ဂမှ ထိပ်တန်း အရာရှိများသည် အသစ်တည်ထောင် ထားသော အမေရိကန်- ဥရောပသမဂ္ဂ ကုန်သွယ်ရေးနှင့် နည်းပညာကောင်စီ နှစ်ပတ်လည်ပွဲအတွက် ပင်ဆယ်ဗေး နီးယားပြည်နယ် ပစ်စဘတ်တွင်ယခု လနှောင်းပိုင်းတွင် တွေ့ဆုံရန်စီစဉ်ထား သော်လည်း ဥရောပနိုင်ငံအချို့က  ထိုအစည်း အဝေးကို ဆိုင်းငံ့ထားရန် တောင်းဆိုလျက်ရှိသည်။

ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ