နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါဝန်ကြီးချုပ် ရွေးကောက်ပွဲ ပြန်လည်အနိုင်ရသော်လည်း လစ်ဘရယ်များ အနည်းစုနေရာသာရ

အော့တဝါ၊  စက်တင်ဘာ ၂၃


ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူး ဒေါသည် ရွေးကောက်ပွဲတွင် ထပ်မံအနိုင် ရခဲ့သော်လည်း လစ်ဘရယ်များသည် လွှတ်တော်တွင်း အစိုးရအဖွဲ့အများစု၏ နေရာကိုမရခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့်ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လစ်ဘရယ်ကိုယ်စား လှယ်များက ၁၅၇ နေရာနှင့် ကွန်ဆာဗေး တစ်များက ၁၂၂ နေရာအနိုင်ရရှိခဲ့ကာ ရွေးကောက်ပွဲရလဒ်သည် ၂၀၁၉ ရလဒ် နှင့် ကွဲပြားပြီး လစ်ဘရယ်များသည် လူများစုပါသည့်အစိုးရဖြစ်ရန် လိုအပ် သောနေရာ ၁၇၀ ကို မရနိုင်ခဲ့သော်လည်း ထရူးဒေါက အောင်ပွဲအတွက်ကျေနပ် ပြီး ကျေးဇူးတင်ကြောင်း လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။ 


ထရူးဒေါ၏ ပြိုင်ဘက်ဖြစ်သော အီရင်း အိုတူးလ်က ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ကွန်ဆာဗေးတစ် ပါတီ၏ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက် မည်မဟုတ်ဘဲ   လာမည့် ရွေးကောက် ပွဲတွင် ထပ်မံယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရူးဒေါသည် ဩဂုတ်လအလယ်ပိုင်းတွင် ထောက်ခံ နှုန်းမြင့်မားခဲ့သော်လည်း နောက်ပိုင်း တွင်ထောက်ခံနှုန်း ကျဆင်းခဲ့သည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့ကစစ် တမ်းများအရ ထရူးဒေါပါတီကို ထောက် ခံမှု ၃၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ကွန်ဆာဗေးတစ်ကို  ထောက်ခံမှုနှုန်း  ၃၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သည်။

ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ