နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးနှိမ်နင်းမှုနှင့် စပ်လျဉ်းသည့် ပြစ်မှုများကို ICC လက်ခံစစ်ဆေးမည်

မနီလာ  စက်တင်ဘာ  ၁၇


ဖိလစ်ပိုင်နိုင်ငံ  သမ္မတ ဒူတာတေး ၏ မူးယစ်ဆေးဝါးနှိမ်နင်းမှု အစီအစဉ် ကြောင့် လူအများအပြား အသတ်ခံခဲ့ရ သည့်အတွက် လူသားများကို ဆန့်ကျင် သည့်   ရာဇဝတ်မှု     (Crime  Against Humanity)   အဖြစ်    တရားဝင်စုံစမ်း စစ်ဆေးမှုများလုပ်ရန်      နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ၏ တရားသူကြီးများ က အတည်ပြုလက်ခံလိုက်သည်။


တရားလိုများဘက်က  တင်ပြထား သည့် သက်သေခံအထောက်အထားများ ကို တရားသူကြီးများက ကြည့်ရှုစစ်ဆေး ရာတွင်  သမ္မတ  ဒူတာတေး၏ မူးယစ် ဆေးဝါးနှိမ်နင်းမှု အစီအစဉ်သည် ဥပဒေ နှင့်အညီ    လုပ်ဆောင်ခဲ့သည့်    တရား ဥပဒေစိုးမိုးရေး   လုပ်ဆောင်ချက်တစ်ခု အဖြစ် ယူဆ၍မရကြောင်း၊ ယင်းလုပ်ရပ် မှာ အရပ်သားပြည်သူများကို စနစ်တကျ တိုက်ခိုက်ခဲ့မှု   တစ်ခုသာဖြစ်ကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။


ဒူတာတေးသည်  အကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့ပြီး      ရဲများအနေဖြင့်လည်း မူးယစ်ဆေးဝါးကိစ္စနှင့် သံသယရှိသည့် လက်နက်မဲ့ပြည်သူများကို အများအပြား သတ်ဖြတ်ခဲ့ကြောင်း    လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားခြင်းဖြစ်သည်။


ဖိလစ်ပိုင်ရဲများကမူ  အဆိုပါ  စွပ်စွဲ ချက်များကို ငြင်းဆိုထားပြီး ဒူတာတေး ကလည်း  ရဲများကို  မိမိကိုယ်ကိုယ်  ခုခံ ကာကွယ်ရန်အတွက်သာ    ပစ်မိန့်ပေး ထားကြောင်း ပြောဆိုသည်။

ICC ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် ပြီး   ဖိလစ်ပိုင်အစိုးရ၏   တုံ့ပြန်မှုကိုမူ လက်ရှိအချိန်ထိ မသိရသေးပေ။

မျိုးဝင်း (Ref : Reuters)






အခြားဆက်စပ်သတင်းများ