နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထောင်ဖောက်ပြေးသူ ပါလက်စတိုင်းအကျဉ်းသားကို ပြန်လည်ဖမ်းဆီးရမိ

ရာမလာ  စက်တင်ဘာ  ၁၇


အစ္စရေး   Gilboa  အကျဉ်းထောင် မှ ဥမင်တူးကာ ထောင်ဖောက်ပြေးလာ ခဲ့သူထဲမှ တစ်ဦးဖြစ်သည့် ပါလက်စတိုင်း အကျဉ်းသား   ယာကွယ်မာမူဒ်ကွာဒရီ ကို   ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး  ယင်းက သူအသက်ရှင်နေသရွေ့    လွတ်လပ်မှု အတွက် တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ပြောသည်။

ပါလက်စတိုင်း    လွတ်မြောက်ရေး အဖွဲ့ (PLO) နှင့်   ချိတ်ဆက်ထားသော ရှေ့နေကိုယ်စားလှယ်အဖွဲ့ဝင်    ဟာနန် အယ်ခါတီဘ  အနေဖြင့်     ကွာဒရီထံ သွားရောက်ခဲ့သည်ကို     ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်အပြီးတွင် ကြေညာချက် တစ်စောင်   ထုတ်ပြန်ခဲ့ကာ ယင်းထုတ် ပြန်ချက်တွင် ကွာဒရီ၏ ပြောကြားချက် ကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။


အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့ ရာတွင်  လွတ်မြောက်ရေးအတွက်နှင့် ပါလက်စတိုင်း၌    လွတ်လွတ်လပ်လပ် အသက်ရှူရမည့်      အချိန်များအတွက် ယင်း၏     နောက်ဆုံးထွက်သက်အထိ ဆက်လက်     တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပြီး  ထောင်မှ ထွက် ပြေးပြီးနောက် သူ့ဘဝ၏ အကောင်းဆုံး နေ့ရက်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။


ကွာဒရီကို   စောင်တစ်ထည်မှလွဲ၍ နေရာကျဉ်းကျဉ်းလေးထဲတွင်    ဘာမျှ မပါဘဲ    အစ္စရေးအကျဉ်းထောင်တစ်ခု တွင်   ချုပ်နှောင်ခံထားရပြီး   စစ်ဆေး မေးမြန်းသူများက   ယင်းကို   စိတ်ပိုင်း ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။


လေ့လာသူများ အဆိုအရ အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်း အကျဉ်းသား ၄,၈၅၀ ခန့်ရှိပြီး ထိုထဲတွင် အမျိုးသမီး ၄၁ ဦး၊ ကလေး ၂၅၅ ဦးနှင့် အကျဉ်းသား ၅၄၀ ခန့်မှာ အုပ်ချုပ်ရေး အရ       ဖမ်းဆီးထိန်းသိမ်းထားခြင်းရှိ ကြောင်း သိရသည်။

ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ