နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်သို့ စီးပွားရေးလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန်ကြေညာ

တီဟီရန်  စက်တင်ဘာ  ၁၇


ပြီးခဲ့သည့်လက      တာလီဘန်တို့ ထိန်းချုပ်ခဲ့သည့်  အိမ်နီးချင်း အာဖဂန် နစ္စတန်သို့ စီးပွားရေးလေကြောင်းလိုင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမှုကို အီရန် က ပြန်လည်စတင်လိုက်ပြီဖြစ်သည်။

ယင်းမှာ အီရန်အနေဖြင့် တာလီဘန် များ  အာဏာပြန်လည်ရလာပြီးနောက် နှစ်နိုင်ငံအကြား ပထမဆုံး လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲမှုဖြစ်ပြီး လုံခြုံ ရေး      အကြောင်းပြချက်များကြောင့် အီရန်မြို့ပြလေကြောင်း    အေဂျင်စီက ကဘူးလ်သို့       လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းကြောင်းကို ကြေညာခဲ့ခြင်းဖြစ် သည်။


Mahan  Air  လေကြောင်းလိုင်းမှာ ယခင်က     မက်ဆာဟဒ်နဲ့   ကဘူးလ် အကြား တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်း ပြေးဆွဲခဲ့ခြင်းဖြစ်ကာ    နိုင်ငံပိုင်   Iran Air  ပြီးလျှင်   ဒုတိယအကြီးဆုံး  အီရန် လေကြောင်းလိုင်းဖြစ်သည့် Mahan Air လေကြောင်းလိုင်းမှာ    ၂၀၁၁    ခုနှစ်မှ စ၍   အီရန်အပေါ်   ပစ်မှတ်ထားသည့် အမေရိကန်၏        ဒဏ်ခတ်ပိတ်ဆို့မှု နာမည်ပျက်စာရင်းထဲ  ထည့်သွင်းခံခဲ့ရ ခြင်းဖြစ်သည်။


ကုလသမဂ္ဂ   ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏   အဆိုအရ    အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံသည် အာဖဂန် လူမျိုး   ၃  ဒသမ  ၄၆  သန်းကျော်ကို လက်ခံထားပြီး  အများစုမှာ  ဒုက္ခသည် များ (သို့မဟုတ်) တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများဖြစ်ပြီး အီရန်လူဦးရေ၏ လေးရာခိုင်နှုန်းကျော်ထိ  ရှိနေကြောင်း သိရသည်။               ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ