နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်

ဘေကျင်း  စက်တင်ဘာ  ၁၇


တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ လူရှန် ခရိုင်တွင် ပြင်းအား ၆ အဆင့်ရှိ ငလျင် တစ်ခု   စက်တင်ဘာ  ၁၆  ရက်၊ နံနက် အစောပိုင်းက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ ကြောင်း အာဏာပိုင်များက အတည်ပြု လိုက်သည်။


လူရှန်ခရိုင်၊ ဖူဂျီမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင်    ငလျင်ကြောင့်    အသေ အပျောက်ရှိခဲ့ကာ     တရုတ်မြေငလျင် ကွန်ရက်စင်တာ၏ အဆိုအရ ငလျင်မှာ စက်တင်ဘာ  ၁၆  ရက်၊  နံနက် ၄ နာရီ ၃၃ မိနစ်တွင်    လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ငလျင်၏      ဗဟိုချက်မှာ   မြောက် လတ္တီတွဒ် ၂၉ ဒသမ ၂ ဒီဂရီနှင့်  အရှေ့ လောင်ဂျီကျု ၁၀၅ ဒသမ ၃၄ ဒီဂရီကြား မြေအောက်အနက်  ၁၀  ကီလိုမီတာကို ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင် လှုပ်ခတ်မှုကြောင့် အရေးပေါ်အဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့် စတင်သတ်မှတ် ခဲ့သည်။


တစ်ချိန်တည်းမှာပင်     လူဇွာမြို့ အာဏာပိုင်များက       သဘာဝဘေး အန္တရာယ်        စုံစမ်းစစ်ဆေးရေးနှင့် ကယ်ဆယ်ရေးအတွက်      အရေးပေါ် တုံ့ပြန်မှုကို စတင်ခဲ့သည်။


ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ