နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးနဲမြို့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံတွေ့ရှိရောဂါအတည်ပြုလူနာပေါင်း ၁၅၀ ဦးထိရှိလာ

မိုးနဲ    စက်တင်ဘာ   ၁၆


ရှမ်းပြည်နယ် (တောင်ပိုင်း)၊လင်း ခေး ခရိုင် ၊ မိုးနဲမြို့နယ်တွင် စက်တင် ဘာ ၁၄ ရက် ညပိုင်းအချိန်ကတောင်ကြီး မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန ဓာတ်ခွဲခန်း၏အဖြေအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦးထပ်မံစစ် ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၅၀ ဦးထိရှိ လာပြီဖြစ်ကြောင်း သိရသည်။


မိုးနဲမြို့ (အထက)ကျောင်း Quarantine Center ဝင်ရောက်နေ သူစုစုပေါင်း  ၄၉ ဦး၏ နှာခေါင်း/ အာခေါင်တို့ဖတ် နမူနာများကို တောင် ကြီးမြို့ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့လည်းကောင်း ပေးပို့ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၄ ရက် ညဓာတ်ခွဲခန်းထုတ်ပြန်ချက်အဖြေ အရ နမ့်စန် ၊ လောက်ကိုင်၊လားရှိုး ၊ အိမ်မဲ ၊ သာစည်၊ တာချီလိတ်မြို့နယ်တို့မှ ပြန် လည်ဝင်ရောက်လာသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ် ပြီး ဆက်လက်၍  ထိတွေ့မှုရှိသူ ၄ ဦးအား ကျန်းမာရေးဌာန တာဝန်ရှိသူများက (RDT) Test Kit ဖြင့် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက စစ်ဆေးခဲ့ရာ  ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။


အဆိုပါ အတည်ပြုလူနာ ၈ ဦးကို မိုးနဲမြို့ပြည်သူ့ဆေးရုံ အထူး ကြပ်မတ် ကုသဆောင်သို့ ဆေးရုံ AMBULANCE ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ ပြီး စက်တင်ဘာ ၁၅ ရက်အထိ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာပေါင်း ၁၅၀ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၈ ဦး၊ သေဆုံးသူ နှစ်ဦးနှင့် ကုသဆဲ ၂၀ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။


မျိုးညွန့်ရွှေ (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ