နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တပ်ရုပ်သိမ်းမှု ကန်အထက်လွှတ်တော်ကြားနာပွဲတွင် ပြင်းထန်သည့်မေးခွန်းများ ဘလင်ကင် ရင်ဆိုင်ရ

ဝါရှင်တန်   စက်တင်ဘာ   ၁၆


ယခင်လက   အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခဲ့ခြင်း နှင့်ပတ်သက်၍ အမေရိကန်အထက် လွှတ်တော်  နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် လွှတ်တော်အမတ်များ၏ ပြင်းထန်သည့်မေးခွန်းများကို နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကင်အနေ ဖြင့်ရင်ဆိုင်ခဲ့ရကြောင်း ထုတ်ပြန်သည်။ 


အလားတူ အွန်လိုင်းကတစ်ဆင့် ငါးနာရီကြာကျင်းပခဲ့သော အောက် လွှတ်တော်ကြားနာပွဲတွင်လည်း ဝန်ကြီး ဘလင်ကင်သည် အာဖဂန်ရှိတပ်များ ရုပ်သိမ်းရန် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ဆုံးဖြတ်ချက်ကို အခိုင်အမာကာကွယ် ပြောဆိုခဲ့ရသည်။    တာလီဘန်များ မသိမ်းပိုက်နိုင်ရန် တားဆီးကာကွယ်ပြီး ဆက်တိုက် မည်ဆိုပါက အမေရိကန်တပ် အများအပြားထပ်စေလွှတ်ရန် လိုအပ် မည်ဖြစ်ပြီး အချိန်အကန့်အသတ်မဲ့စစ်ပွဲ အတွင်း ထိခိုက်ကျဆုံးမှုများနှင့် မထူးခြား သည့် အခြေအနေများကိုသာ ရင်ဆိုင် ရမည်ဖြစ်ကြောင်း ဝန်ကြီး ဘလင်ကင်က ပြောသည်။ 


အမေရိကန်တပ်များ ဆက်ရှိနေခြင်း ကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက  အာဖဂန်အစိုးရကပါ  ပိုမို        ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ပြီး ကြံ့ကြံ့ ခံနိုင်လိမ့်မည်ဆိုသည့်       သက်သေ အထောက်အထားလည်းမရှိကြောင်း ဝန်ကြီးဘလင်ကင်က ကြားနာပွဲတွင် ပြောကြားသည်။

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ