နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုးရီးယားနျူကလီးယားလက်နက်ကိစ္စ ကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ဆွေးနွေး

 ပြုံယမ်း  စက်တင်ဘာ   ၁၆


မြောက်ကိုရီးယား နျူကလီးယားလက်နက်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တာဝန်ရှိသူကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။ မြောက်ကိုရီးယားအရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Sung Kimနှင့် တောင်ကိုရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် Noh Kyu-duk တို့သည် ဂျပန်နိုင်ငံ၏ အာရှနှင့် Oceania ဒေသဆိုင်ရာညွှန်ကြားရေးမှူး Takehiro Funakoshi တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 


မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ် ခရုမစ်ဇိုင်းဒုံးထပ်မံအဆင့်မြှင့် ထုပ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး အဆိုပါ မစ်ဇိုင်းဒုံးပျံလက်နက်သည် အဝေးထိန်းပဲ့ထိန်းစနစ်နှင့် ပစ်မှတ်ရှိသည့်နေရာကိုပျံသန်းနိုင်မည်ဖြစ်ပြီး  မစ်ဇိုင်း ကာကွယ်ရေး ရေဒါများကို ‌ရှောင်ရှားနိုင်လောက်သည်အထိ အနိမ့်ပျံ ပျံသန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်နက်ကျွမ်းကျင်သူ သုတေသီများ၏ ပြောကြားချက် အရ မြောက်ကိုရီးယား၏ မစ်ဇိုင်းဒုံပျံသည် အမေရိကန်ကထုတ်လုပ်ထားသည့် တိုမာဟော့ မစ်ဇိုင်းဒုံပျံနှင့်ဆင်တူပြီး နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်လို့ ရကာ  ကီလိုမီတာ ၁၆၀ဝ (မိုင် ၁၀ဝ၀ နီးပါး) အဝေးကိုပစ်ခတ်နိုင်ကြောင်း သိရသည်။

မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ