နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာခေါင်းဆောင်များကိုယ်တိုင်တက်မည့် ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည်

ဝါရှင်တန်   စက်တင်ဘာ   ၁၆


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် Quad အဖွဲ့၏    ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်သည့်  ထိပ်သီး ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၄ ရက် တွင်ကျင်းပမည်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆန်နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုက်ဒဲဆူဂါတို့ ထိုဆွေးနွေးပွဲ တက် ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာလိုက်သည်။ 


အဆိုပါ ခေါင်းဆောင် ၄ ဦးတို့သည် ဆက်ဆံရေးများ  ပိုမိုနက်ရှိုင်းစေရေး၊ Covid တိုက်ဖျက်ရေး၊     ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရေးနှင့် ပိုမို လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသထူထောင်ရေးကဲ့သို့သောနယ်ပယ် များတွင် လက်တွေ့ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေး အကြီးအကဲ ယန်ဆက်ကီ ပြောသည်။ 


မတ်လအတွင်းက သမ္မတဘိုင်ဒင် သည်   Quad  ခေါင်းဆောင်များ၏ ပထမအကြိမ်   ထိပ်သီးဆွေးနွေးပွဲကို ဗီဒီယိုမှတစ်ဆင့်ကျင်းပခဲ့ပြီး လွတ်လပ်၊ ပွင့်လင်းအားလုံးအကြုံးဝင်ပြီး ဒီမိုကရေစီ တန်ဖိုးများကို အခြေခံသည့် အနိုင် ကျင့်မှုကင်းမဲ့သည့် အင်ဒို-ပိစိဖိတ်ဒေသ ထူထောင်ရန်ကတိပြုခဲ့သောကြောင့် တရုတ်နိုင်ငံသို့ သိမ်မွေ့သော သတင်း စကားပေးပို့လိုက်ခြင်းဖြစ်သည်။ သယံ ဇာတကြွယ်ဝသည့်    တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံက သြဇာ ထူထောင်သောအပြုအမူများ တိုးမြှင့် လုပ်ဆောင်နေစဉ်တွင် Quad ထိပ်သီး ဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်သည်။ 


၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယ၊ ဂျပန်၊  အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့သည် အင်ဒို-ပစိဖိတ် ဒေသတွင် မည်သည့်သြဇာလွှမ်းမိုးမှု မျှမရှိသော အရေးပါသည့်ပင်လယ်လမ်း ကြောင်းကိုထိန်းသိမ်းထားရန် သေနင်္ဂ ဗျူဟာသစ်အဖြစ် ကာလကြာမြင့်စွာ အဆိုပြုထားသော Quad ကို ထူထောင် ရန်အစီအစဉ်ကို အကောင်အထည်ဖော် ခဲ့သည်။

ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ