နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်လအကြာကာလအတွင်း စီးပွားရေးအကျပ်အတည်းနှင့် တာလီဘန် ရင်ဆိုင်လာရ

အစ္စလာမ်မာဘတ်  စက်တင်ဘာ ၁၆


ကဘူးလ်မြို့ကို တာလီဘန်များ သိမ်း ပြီး တစ်လအကြာတွင် ယင်းတို့၏ လျှပ် တပြက်စစ်အောင်နိုင်မှုကို တာရှည်ခံ အစိုးရအဖြစ်သို့ပြောင်းလဲရန် တာလီဘန် တို့ကြိုးပမ်းနေစဉ်     ပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ 


ဆယ်စုနှစ်လေးခုကြာ စစ်ပွဲအပြီး တွင် လူပေါင်းသောင်းနှင့်ချီသေဆုံးခဲ့ ရသည့် လုံခြုံရေးမှာ အကြီးအကျယ် တိုးတက်လာပြီး ဖွံ့ဖြိုးရေးအသုံးစရိတ် ဒေါ်လာဘီလျံရာနှင့်    ချီပြီးရှိခဲ့သော် လည်း အာဖဂန်စီးပွားရေးတွင်ပျက်စီး ခဲ့ခြင်းဖြစ်သည်။ မိုးခေါင်ခြင်းနှင့် အငတ် ဘေးတို့က နိုင်ငံတစ်ဝန်းမှ  လူထောင် ပေါင်းများစွာကို မြို့ကြီးများသို့မောင်းပို့ နေစေပြီး ယခုလကုန်တွင် စားနပ်ရိက္ခာ ကုန်ဆုံးမှုကြောင့် လူ ၁၄ သန်းအထိ ငတ်မွတ်ခေါင်းပါးမည်ကို ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က  စိုးရိမ်နေ ကြောင်း ထုတ်ပြန်ထားသည်။  


နိုင်ငံ၏အရန်ငွေများကို ကာကွယ် ရန်  အပတ်စဉ် ဒေါ်လာ ၂၀ဝ(သို့)  အာဖဂန် ၂၀ဝ၀ဝ ကို ထုတ်ယူခွင့်ကန့်သတ်ထား ပြီး ဘဏ်များတွင် ရှည်လျားသော လူတန်းကြီးက ရှိနေဆဲဖြစ်သည့်အပြင် ဝယ်သူရှားပါးလာသော်လည်း ကဘူးလ် တလျှောက်တွင် အိမ်သုံးပစ္စည်းများကို ငွေသားဖြင့်သာရောင်းသော လူတန်းစား တစ်ရပ်မှာ ကဘူးလ်အနှံ့တွင် ပေါ်ပေါက် လာနေသည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကနိုင်ငံ စီးပွားရေးပြိုလဲသွားစေမည့် သတိပေး မှုအား ကာကွယ်ရန်အတွက် နိုင်ငံတကာ အလှူရှင်များက ဒေါ်လာ ၁ ဘီလီယံ ကျော် ကတိပြုထားကြောင်း ထုတ်ပြန်ခဲ့ သည်။         

            ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ