နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာလီဘန်များအနေဖြင့် နိုင်ငံသားများအပေါ်ပေးထားသည့် ကတိချိုးဖောက်ကြောင်း UN ပြောကြား

ဂျနီဗာ  စက်တင်ဘာ   ၁၅


တာလီဘန်သူပုန်များသည် အာဖဂန် အစိုးရကိုဖြုတ်ချပြီး နိုင်ငံကို သိမ်းပိုက် ပြီးတစ်လအကြာတွင် အမျိုးသမီးများကို ဆက်ဆံပုံနှင့် တစ်အိမ်တက်ဆင်းရှာဖွေ မှုတွေလုပ်ခြင်းများမှာ မူလပေးထား သည့်ကတိများကို ချိုးဖောက်ခဲ့ခြင်း ပင်ဖြစ်ကြောင်း ကုလသမဂ္ဂကထုတ်ပြန် ပြောကြားသည်။ 


ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး မီချဲလ်ဘာချဲလက်က ပြီးခဲ့သည့် လအတွင်း အာဖဂန်မှ အမေရိကန်တပ်ဖွဲ့ များရုပ်သိမ်းကာ တာလီဘန်များက တစ်နိုင်ငံလုံးကို သိမ်းယူခဲ့ပြီးနောက် အာဖဂန်တွင် အန္တရာယ်ရှိသည့်အခြေ အနေသစ်များဖြစ်နေကြောင်း ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီကို     ပြောခဲ့ သည်။   “အမျိုးသမီးအခွင့်အရေးကို ထောက်ခံမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ အာမခံချက်တွေနဲ့ ဆန့်ကျင်နေတယ်၊ လွန်ခဲ့တဲ့သုံးပတ်အတွင်း အမျိုးသမီး တွေက အများပြည်သူမြင်ကွင်းကနေ တဖြည်းဖြည်းဖယ်ထုတ်ခံနေရတယ်” လို့ ဘာချဲလက်က ပြောသည်။ 


တာလီဘန်များသည် ကြားဖြတ် အာဖဂန်အစိုးရအား ပြီးခဲ့သည့်သီတင်း ပတ်ကကြေညာခဲ့ပြီးနောက်     မဟာမင်းကြီး ရုံး၏မှတ်ချက်စကားများ ထွက်ပေါ်လာ ခြင်းဖြစ်ပြီး ယင်းအစိုးရအဖွဲ့တွင် ၁၉၉၀ ပြည့်နှစ်ကအုပ်ချုပ်ခဲ့သည့် တာလီဘန် အစိုးရအဖွဲ့မှ   သဘောထားတင်းမာသူ ခေါင်းဆောင်များသာ အများစုပါဝင်လာ ကာ အမျိုးသမီးများပါဝင်လာခြင်းမရှိခဲ့ ကြောင်း သိရသည်။ 


ဖွဲ့စည်းမှုအတွင်း အမျိုးသမီးများ မရှိခြင်းနှင့် ပက်ရှ်တွန်လူမျိုးစုကသာ လွှမ်းမိုးနေခြင်းကြောင့် ဘာချဲလက်က ယခင်အစိုးရကဲ့သို့ ပုံစံတူအစိုးရနှင့် ပတ်သက်ပြီးစိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း အလားတူမှတ်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရဲခေါင် (Ref : AFP)






အခြားဆက်စပ်သတင်းများ